Connect with us

Hi, what are you looking for?

News

သတင်းထောက်တွေ ဆက်လက်ဖမ်းဆီးခံရမှုအပေါ် တာဝန်ရှိသူတွေကို ပစ်မှတ်ထားဒဏ်ခတ်ဖို့ RSF တောင်းဆို

RSFရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာဟာအဆင့် ၁၄၀ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက သတင်းမီဒီယာသမားတွေကို ဆက်လက်ဖမ်းဆီးနေမှုအပေါ် နိုင်ငံတကာအသိုင်းအ ၀ိုင်းအနေနဲ့ တာဝန်ရှိသူတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က မနေ့က ထုတ်ပြန်တောင်းဆိုပါတယ်။

မဇ္ဇျိမသတင်းဌာနရဲ့ အယ်ဒီတာချုပ်ဟောင်းကိုမျိုးသန့်ကို ဧရာ၀တီတိုင်း၊ ကန်ထောင့်ကြီးမှာရှိတဲ့ နေအိမ်ကို စက်တင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်တွေ လာရောက်ရှာဖွေခဲ့ပြီး အဖမ်းမခံဘူးဆိုရင် အဒေါ်ကို ဖမ်းဆီးမယ် ခြိမ်းခြောက်ခဲ့ပါတယ်။ ကိုမျိုးသန့်ဟာ အဲဒီနေ့ည ၈ နာရီမှာပဲ အဖမ်းခံလိုက်ရပါတယ်။ နောက်ပြီး Channel Mandalay Newsရဲ့ သတင်းထောက်ကိုဝင်းနိုင်ဦးကို စက်တင်ဘာ ၁၆ရက်က ဖမ်းဆီးခဲ့ပြီး အဲဒီမတိုင်ခင် သူ့ကို ရှာမတွေ့တာကြောင့် သူ့ရဲ့ဇနီးကို ဩဂုတ် ၃၁ရက်ကတည်းက အကြမ်းဖက်စစ်ကောင်စီ တပ်တွေက ဖမ်းဆီးခဲ့တာပါ။

“ဝင်းနိုင်ဦးနဲ့ မျိုးသန့်ဖမ်းဆီးခံရမှုတွေဟာ မြန်မာစစ်တပ်က သတင်းထောက်အပေါ် ပြုမှုနေတဲ့ လွန်စွာလူမဆန်မှု ကို ဝမ်းနည်းဖွယ်ကောင်းစွာ သက်သေပြနေတာဖြစ်ပါတယ်။ စစ်တပ်ဟာ သတင်းထောက်တွေကို နောက် ယောင်ခံလိုက်တယ်၊သူတို့ဆွေမျိုးတွေကို ဖိအားပေးတယ်၊ နောက်ပြီး သူတို့ကို အဆက်အသွယ်ဖြတ်ထားတယ်”လို့ RSF အာရှ-ပစိဖိတ်ရုံးအကြီးအကဲ Daniel Bastard က ပြောပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်အထိ သတင်းထောက် ၅၆ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး အဲဒီအရေအတွက်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး သတင်းထောက်တွေကို ထောင်သွင်းအကျဉ်းချတဲ့ နိုင်ငံဖြစ်လာပါတယ်။ မြန်မာနိုင်ငံရဲ့ရှေ့မှာ တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ထောင်သွင်း အကျဉ်းချတဲ့ အများဆုံးနိုင်ငံဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

RSFရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာဟာအဆင့် ၁၄၀ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးခေါင်းစဉ် အောက်ကနေ မည်သူ့ကိုမဆိုဝင်ရောက် ရှာဖွေဖမ်းဆီးရာမှာသက်သေမပါဘဲ ဖမ်းနိုင်ဖို့အတွက်နိုင်လွတ်လုံလို့အသိများတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်က ပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်။

နိုင်ငံတကာ

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့ရတဲ့ ဂျာနယ်လစ် ၁၃၀ နီးပါးထိ ရှိခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းစစ်တပ်က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်နားမှာ ပြီးခဲ့တဲ့ ယသီတင်းပတ်ကုန်က မသင်္ကာစရာ ဒရုန်းတချို့ ပျံသန်းနေတာကို တွေ့ရှိခဲ့တဲ့နောက် ရှား​ဖွေဖမ်းဆီးရာက​နေ ဒရုန်း အစင်းပေါင်း ၂၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

Facebook