Connect with us

Hi, what are you looking for?

News

အောက်ရေဖြူရွာကို အကြမ်းဖက်စစ်တပ်ဝင်စီး၊ အသက်မပြည့်သေးသည့်မိန်းကလေးအပါအဝင် အနည်းဆုံး ၁၂ဦးဖမ်းဆီးခံရ

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နံနက် ၁၀နာရီခွဲခန့်တွင် အပြစ်မဲ့ လမ်းသွား၊လမ်းလာပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် သည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုအတွင်းသို့ ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားအင်အား၇ရခန့်ဖြင့် ဝင်ရောက်စီးနင်းပစ် ခတ်ရာ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးအပါ အဝင်အနည်းဆုံး ၁၂ဦးဖမ်းဆီးခံရကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နံနက် ၁၀နာရီခွဲခန့်တွင် အပြစ်မဲ့ လမ်းသွား၊လမ်းလာပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် သည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်၍ “သူတို့ကို မြင်လို့ ကြောက်ပြီးထွက်ပြေးတဲ့ လမ်းသွားလမ်းလာတွေကို လိုက်ပစ်တာဖြစ်ဖို့များတယ်၊ ပစ်တာကတော့ အချက်ရေ ၁၀၀ ကျော်လောက်တောင် ဆက်တိုက်ပစ်တာ၊ တစ်ယောက်မှတော့ ကျည်ဆန်မထိဘူး”ဟုရွာခံသပိတ်လူငယ်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် လမ်းသွား၊လမ်းလာများကို မတရားဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ အဖမ်းခံရသူများမှာ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အနည်းဆုံး ၁၂ဦးခန့်ရှိပြီဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဖမ်းခံသူများကို အချုပ်ကားဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လောင်းလုံးမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။