Connect with us

Hi, what are you looking for?

LuduNwayOo

News

အောက်ရေဖြူရွာကို အကြမ်းဖက်စစ်တပ်ဝင်စီး၊ အသက်မပြည့်သေးသည့်မိန်းကလေးအပါအဝင် အနည်းဆုံး ၁၂ဦးဖမ်းဆီးခံရ

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နံနက် ၁၀နာရီခွဲခန့်တွင် အပြစ်မဲ့ လမ်းသွား၊လမ်းလာပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် သည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုအတွင်းသို့ ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားအင်အား၇ရခန့်ဖြင့် ဝင်ရောက်စီးနင်းပစ် ခတ်ရာ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးအပါ အဝင်အနည်းဆုံး ၁၂ဦးဖမ်းဆီးခံရကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နံနက် ၁၀နာရီခွဲခန့်တွင် အပြစ်မဲ့ လမ်းသွား၊လမ်းလာပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် သည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်၍ “သူတို့ကို မြင်လို့ ကြောက်ပြီးထွက်ပြေးတဲ့ လမ်းသွားလမ်းလာတွေကို လိုက်ပစ်တာဖြစ်ဖို့များတယ်၊ ပစ်တာကတော့ အချက်ရေ ၁၀၀ ကျော်လောက်တောင် ဆက်တိုက်ပစ်တာ၊ တစ်ယောက်မှတော့ ကျည်ဆန်မထိဘူး”ဟုရွာခံသပိတ်လူငယ်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် လမ်းသွား၊လမ်းလာများကို မတရားဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ အဖမ်းခံရသူများမှာ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အနည်းဆုံး ၁၂ဦးခန့်ရှိပြီဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဖမ်းခံသူများကို အချုပ်ကားဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လောင်းလုံးမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။