Connect with us

Hi, what are you looking for?

News

ရွှေဝါရောင်တော်လှန်ရေးမှာ သွေးမြေကျခဲ့ရတဲ့ သံဃာတော်များနဲ့ လူပုဂ္ဂိုလ်များကို CDM ရဲတပ်ဖွဲ့ဝင်များ တောင်းပန်

“ကျွန်တော်တို့ကိုယ်တိုင်မကျူးလွန်သော်လည်း ရဲတပ်ဖွဲ့ရဲ့ ကျူးလွန်မှုများသည် ကျွန်တော်တို့နဲ့ သွယ်၀ိုက် သက်ဆိုင်သည်ဟု ထင်မြင်မိပါသောကြောင့် တောင်းပန်ရခြင်းဖြစ်ပါသည်” လို့ ဆက်လက်ဖော်ပြပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သွေးမြေကျခဲ့ရတဲ့ သံဃာတော်များနဲ့ လူပုဂ္ဂိုလ်များကို အနူးအညွတ်တောင်း ပန်တယ်လို့ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၇ စက်တင်ဘာ ၁၈ရက် မှ ၂၆ ရက်အထိ ရွှေဝါရောင်တော်လှန်ရေးမှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ရက်စက်စွာ နှိပ်စက်ခြင်းခံခဲ့ရတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များနဲ့ အခုတော်လှန်ရေးကာလအတွင်း နှိပ်စက်၊သတ် ဖြတ်ခြင်းခံရတဲ့ ပြည်သူတွေကို CDM ရဲတပ်ဖွဲ့ဝင်တွေကအနူးအညွတ်တောင်းပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။

“ကျွန်တော်တို့ကိုယ်တိုင်မကျူးလွန်သော်လည်း ရဲတပ်ဖွဲ့ရဲ့ ကျူးလွန်မှုများသည် ကျွန်တော်တို့နဲ့ သွယ်၀ိုက် သက်ဆိုင်သည်ဟု ထင်မြင်မိပါသောကြောင့် တောင်းပန်ရခြင်းဖြစ်ပါသည်” လို့ ဆက်လက်ဖော်ပြပါတယ်။

CDM ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်လည်း အခုတော် လှန်ရေးမှာ ပြည်သူတွေနဲ့အတူ စစ်ကောင်စီဆိုတဲ့အုတ်တံတိုင်းကို မပြိုမချင်း တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာရှင်ဦးသန်းရွှေဦးဆောင်တဲ့စစ်အစိုးရက လောင်စာဆီစျေးနှုန်းများတိုးမြင့်မှုရာကအစပြုပေါ်ပေါက်လာသော ရွှေဝါရောင်တော်လှန်ရေးမှာ ၁၄နှစ်ပြည့်လည်းဖြစ်ပါတယ်။

ဒါ့ကြောင့် မန္တလေးမြို့က သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ ဆရာတော်များက ရွှေဝါရောင်နှစ်ပတ်လည်နေ့အဖြစ် ယမန်နေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

စားဝတ်နေရေးကြပ်တည်းမှုကြောင့် လုယက်သူတွေအပြင် အဆုံးစီရင်သူတွေပါ ရှိနေ