Connect with us

Hi, what are you looking for?

News

ဟားခါးနှင့်ထန်တလန်တွင် အကြမ်းဖက်သည့် စစ်ကောင်စီတပ်ကို အမြစ်ပြုတ်သည်အထိတိုက်ပွဲဝင်မည်ဟု ချင်းအဖွဲ့အချို့ကြေညာ

ဟားခါးနှင့် ၊ ထန်တလန်မြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ ZOMI FEDERAL UNIONက သဘောထား ထုတ်ပြန်ရာ ပြည်သူများအား ရိုင်းပြစွာ ကျုးကျော်တိုက်ခိုက်နေသော အာဏာရူးစစ်အုပ်စု၏လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ တိုက်ခိုက်ဖျက်ဆီးမှုခံရသည့် ဟားခါးနှင့်ထန်တလန်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြုတ်သည်အထိ ပူး ပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

စက်တင်ဘာ ၁၈ရက်တွင် ဟားခါးမြို့နှင့် ထန်တလန်မြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အကြမ်းဖက် ရမ်းကား ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားခဲ့ပြီး ပြည်သူ လူထု၏ အိုးအိမ်များနှင့် ဘာသာရေး အဆောက်အဦများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည့်အတွက် မြို့နေ ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြသည်။

ဟားခါးနှင့် ၊ ထန်တလန်မြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ ZOMI FEDERAL UNIONက သဘောထား ထုတ်ပြန်ရာ ပြည်သူများအား ရိုင်းပြစွာ ကျုးကျော်တိုက်ခိုက်နေသော အာဏာရူးစစ်အုပ်စု၏လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ဟားခါးနှင့်ထန်တလန်မြို့များတွင် လက်နက်ကြီး များအသုံးပြုပြီး ဘုရားကျောင်း များကို ဖျက်ဆီးခြင်း၊ လူနေအိမ်များကိုမီးရှို့ခြင်းအပြင် မီးငြိမ်းသတ်ရန် ပြင်ဆင်သော ခရစ်ယာန်သင်းအုပ်ဆရာတစ်ပါးကိုပစ်သတ်ပြီး ၎င်းသင်းအုပ်ဆရာ၏ လက်ချောင်းကို ဖျက်ကာ မင်္ဂလာ လက်စွပ်ကို လုယူသွားကြောင်းကြားသိရကြောင်း ZFU က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရပ်ရွာနေပြည်သူအားလုံး စစ်ဘေးရှောင်နေရသည့် ဘဝသို့ ရောက်ရှိနေရသည့်အပေါ် စိတ်မကောင်း ဖြစ်ရသည်ဟုလည်း ဆိုသည်။ မိမိတို့ ကိုယ်ပိုင်မြေပေါ်တွင် မတရားခံနေရသော ဟားခါးနှင့်ထန်တလန်မှ သွေးချင်းများအတွက် ဇိုမီးသွေးချင်းများအနေဖြင့် ထပ်တူစာနာဝမ်းနည်းစွာ မပြတ်ဆုတောင်းပေး နေကြောင်း၊ အာဏာရူးစစ်အုပ်စုများ အမြန်ဆုံးအမြစ်ပြုတ်သည်အထိ နာကျည်းခိုင်မာသောစိတ်ဖြင့် သွေးချင်းများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။