Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာဝင်းထိုက် အကြမ်းဖက်ဖမ်းဆီးခံရ

အကြမ်းဖက်စစ်ကောင်စီမှ မြောက်ဒဂုံမြို့နယ်ရှိ စီတီးမတ်အတွင်း အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာဝင်းထိုက်အား စက်တင်ဘာ၁၆ရက် ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ထုတ် ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ မြောက်ဒဂုံမြို့နယ်ရှိ စီတီးမတ်အတွင်း အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သို့သော် ဖမ်းဆီးခံရသည်မှာ ခြောက်ရက်တာ ကြာမြင့်သည်အထိ မည့်သည့်နေရာတွင် ခေါ်ဆောင်ထိန်းသိမ်းထားသည်ကို မကြားသိရသေးဘဲ မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်လျက်ရှိနေသည်ဟု ဆိုသည်။

၎င်းသည် ၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးသပိတ်တွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဦးထွန်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဦးထွန်းထွန်းကို မဖမ်းမိ၍ ၎င်း၏ ဇနီးဖြစ်သူကို ဓားစာခံအဖြစ် ၂၀၂၁ ဧပြီ၃၀ ရက်ကတည်းက ဓါးစာခံအဖြစ်ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။

သတင်း

"အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများရှိသော်လည်း ကျွန်ုပ်တို့ အ.က.လ ဗဟိုမှ လုံးဝနောက်ဆုတ်သွားမည်မဟုတ်ကြောင်းနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်"ဟု ဖော်ပြသည်။

သတင်း

ကိုမင်းသူရိန်သည် ဖမ်းဆီးခံရပြီးနောက် မိခင်သမဂ္ဂနှင့် ယခုအချိန်အထိ အဆက်အသွယ်ပြတ် တောက်နေပြီး မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကို စုံစမ်း၍ မရသေးကြောင်းလည်း ဖော်ပြထားသည်။

သတင်း

ဇွန်လဆန်းတွင်ပင်အင်္ဂပူမြို့ရှိစစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ​ဗုံး​ဖောက်ခွဲဖြိုလှဲခဲ့သည်။ မေလကုန်ပိုင်းကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။