Connect with us

Hi, what are you looking for?

News

ရေစကြို မြို့နယ်​ ​ကျေးရွာများတွင် စစ်​ကောင်စီတပ် ​သေနတ်နှင့်လက်နက်ကြီးများ ပစ်​ဖောက်​သဖြင့် ​ဒေသခံများထွက်​ပြေး​နေရ

လက်နက်ကြီးဖြင့်ပစ်ခတ်​သောကြောင့် သာဂေါင်ရွာဟောင်းမှ နေအိမ်တစ်လုံး ​ပေါ်သို့ အိမ်ခေါင်မိုးဖောက်၍ ကျခဲ့ပြီး ​ရွာသားများ ရှောင်ပြေးနေကြသည့်အတွက် ထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

ရေလယ်ကျွန်းကျေးရွာများတွင် စစ်အာဏာရှင်ကို ဆန့်ကျင်​ရေးဆန္ဒပြပွဲများပြုလုပ်ခဲ့စဥ်။ ဓာတ်ပုံ - CJ

ရေစကြိုမြို့နယ်မှ ရေလယ်ကျွန်းကျေးရွာများသို့ အာဏာသိမ်းစစ်ကောင်စီတပ်များ ယ​နေ့ (စက်တင်ဘာ ၂၂ ရက်)ရောက်ရှိလာပြီး ​သေနတ်များပစ်​​ဖောက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့် ဒေသခံများ ထွက်ပြေးနေရကြောင်း နယ်ခံများက ပြောသည်။

ရေလယ်ကျွန်းကျေးရွာများတွင် စစ်အာဏာရှင်ကို ဆန့်ကျင်​ရေးဆန္ဒပြပွဲများပြုလုပ်ခဲ့စဥ်။ ဓာတ်ပုံ – CJ

ယနေ့နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်များသည်မ​ကွေးတိုင်းရှိ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာများသို့ ရောက်ရှိလာပြီး မိဖုရားရွာ၊နွားမော့ရွာတို့မှတဆင့် ရွာစဥ်တစ်လျှောက် လှည့်လည်စစ်ဆေးခြိမ်း​ခြောက်ခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်း ၂ နာရီ ခွဲအချိန်ခန့်တွင် မီးလောင်ကျွန်းမြောက်ရွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်​ခဲ့သည်။ လက်နက်ကြီးဖြင့်ပစ်ခတ်​သောကြောင့် သာဂေါင်ရွာဟောင်းမှ နေအိမ်တစ်လုံး ​ပေါ်သို့ အိမ်ခေါင်မိုးဖောက်၍ ကျခဲ့ပြီး ​ရွာသားများ ရှောင်ပြေးနေကြသည့်အတွက် ထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ သို့​သော် သာ​​ဂေါင်​ကျေးရွာမှ ​နေအိမ်​ပေါ်သို့ ကျ​သောလက်နက်ကြီးမှာ မ​ပေါက်ကွဲခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ရေလယ်ကျွန်းကျေးရွာများတွင် စစ်အာဏာရှင်ကို ဆန့်ကျင်​ရေးဆန္ဒပြပွဲများပြုလုပ်ခဲ့စဥ်။ ဓာတ်ပုံ – CJ

“လက်နက်ကြီးပစ်တာ မြေတွေကော အိမ်တွေပါ တုန်သွားတယ်။ လူထိခိုက်မိတာတော့ မကြားသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင်ညနေပိုင်းတွင်လည်း နွားမော့ရွာသို့ရောက်ရှိလာကြပြီး စစ်ဆေးရှာဖွေခြင်း၊ သေနတ်များပစ်ဖောက်ခြင်း၊ အနီးဝန်းကျင်ရှိ ဇရပ်နီကျေးရွာဘက်သို့ လက်နက်ကြီးများသုံး၍ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ညနေ ခြောက်နာရီဝန်းကျင်အထိ ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရေလယ်ကျွန်းကျေးရွာများတွင် စစ်အာဏာရှင်ကို ဆန့်ကျင်​ရေးဆန္ဒပြပွဲများပြုလုပ်ခဲ့စဥ်။ ဓာတ်ပုံ – CJ

စက်တင်ဘာလ ၂၁ ရက်နေ့ည ၈ နာရီ ခွဲက ရေလယ်ကျွန်းရှိရွာတစ်ရွာဖြစ်သော နွားမော့ရွာမှ စစ်ကောင်စီသတင်းပေးအမျိုးသားတစ်ဦးသတ်ဖြတ်ခံရပြီး​နောက် စစ်​ကောင်စီတပ်များလာရောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook