Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှု​တွေကို ရပ်တန့်​ရေးဖိအားပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို အမေရိကန်တိုက်တွန်း

အမေရိကန်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်တက်ရောက်တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုရပ်တန့်ရေး စစ်တပ်ကို ဖိအားပေးဖို့ အရေးပေါ်လိုအပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ဟာ မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံတက် ရောက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ အာဆီယံနိုင်ငံအချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လူချင်းတွေ့ဆုံမှုနဲ့အတူ အွန်လိုင်းကနေ အမေရိကန်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တစ်ပြိုင်တည်းပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာစိန်ခေါ်မှုတွေကိုအလေးထားဆွေးနွေးခဲ့ကြပြီး COVID-19 ကပ်ဘေး၊ ရာသီဥတုအကျပ်အတည်း၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအဆုံးသတ်ရေး စစ်တပ်ကို ဖိအားပေးဖို့အရေးပေါ်လိုအပ်နေမှုနဲ့ အာဆီယံရဲ့ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာ ရေး၊ လွတ်လပ်ပွင့်လင်းတဲ့အင်ဒို-ပစိဖိတ်ဒေသအားကောင်းခိုင်မာဖို့လိုအပ်မှုစတဲ့ အချက်တွေကို ဆွေး နွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်တက်ရောက်တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အမေရိကန်ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့သီး ခြားတွေ့ဆုံဆွေးနွေးမှု၊ အသိအမှတ်ပြု ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ခြင်းမရှိပါဘူး။

အမေရိကန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် မယိမ်းမယိုင် ထောက်ခံအားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့နဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။