Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗိုလ်ကြီးနှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

အကြမ်းဖက်စစ်​ကောင်စီ၏ မတရား​သောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာ​သောတပ်မ​တော်သား ​ထောင်နှင့်ချီ ရှိ​နေပြီဖြစ်သည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ပြည်သူ့ဘက်ရပ်တည်လာသော ဗိုလ်ကြီးနှစ်ဦးအား People’s Soldiers နေရာရွှေ့ပြောင်းရေး ဌာန၏စီစဉ်မှုဖြင့်လွတ်မြောက်နယ်မြေသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ဦးဆောင်နေသူ CDM ဗိုလ်ကြီးများက အသိပေးသည်။

People’s Solder အဖွဲ့ သည် CDM ပြုလပ်ထား​သော တပ်မ​တော်သားများဖြင့်ဖွဲ့စည်းထားပြီး အကြမ်းဖက်စစ်တပ်မှ ပြည်သူရင်ခွင်ခိုလှုံလိုသူများကို ကူညီ​ပေး​နေ​သောအဖွဲ့ဖြစ်သည်။

ပြည်သူနှင့်အတူ ရပ်တည်လာသည့် ပြည်သူ့တပ်မတော်သား အရာရှိနှစ်ဦးကို ကြိုးစားကူညီပေးလိုက်နိုင်ပြီး လုံခြုံသည့်နေရာကို အန္တရာယ်ကင်းစွာ ​ပိုဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီးထက်မြတ်က အသိပေးသည်။

“ဒီအရာရှိ၂ဦးလဲ အခုလိုဆုံးဖြတ်ခဲ့တာ သိပ်ကိုခက်ခဲခဲ့မယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ပြည်သူနဲ့အတူ ပူးပေါင်းဖို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တဲ့အတွက် လေးစားကျေးဇူးတင်မိပါတယ်”ဟု ဗိုလ်ကြီးထက်မြတ်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှအသိပေးသည်။

Public Service Announcement

Public Service Announcement

ကျန်ရှိနေသေးသော ပြည်သူ့စစ်သားများအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်လိုလျှင် မိမိသိနေသည့် အမှန်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ကြရန်နှင့် ပြည်သူများက လက်ကမ်းကြိုဆိုနေကြောင်း CDM ဗိုလ်ကြီးပြည့်စုံက ပြောသည်။

စိတ်ဓာတ်ပြည့်ဝသည့် တပ်မတော်သားများ ပြည်သူ့ဘက်ကို ရပ်တည်လာနိုင်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDM ဗိုလ်ကြီးများက ပြောသည်။

စက်တင်ဘာ၂၃ရက် ညပိုင်းကလည်း ပဲခူးတိုင်း​ကျောက်ကြီးမြို့နယ် မုန်းဒေသ တပ်ရင်း (၅၉၉)မှ ဗိုလ်ကြီး တစ်ဦးအပါဝင် တပ်သားအဖွဲ့ဝင်များသည်လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြည်သူ့ဘက်မှရပ်တည်ကာ CDMပြုလုပ်ခဲ့ကြောင်း People’s Soldiers အဖွဲ့က အသိပေးထားသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ မတရား​သောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာ​သောတပ်မ​တော်သား ​ထောင်နှင့်ချီ ရှိ​နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။