Connect with us

Hi, what are you looking for?

News

ဗိုလ်ကြီးနှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

အကြမ်းဖက်စစ်​ကောင်စီ၏ မတရား​သောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာ​သောတပ်မ​တော်သား ​ထောင်နှင့်ချီ ရှိ​နေပြီဖြစ်သည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ပြည်သူ့ဘက်ရပ်တည်လာသော ဗိုလ်ကြီးနှစ်ဦးအား People’s Soldiers နေရာရွှေ့ပြောင်းရေး ဌာန၏စီစဉ်မှုဖြင့်လွတ်မြောက်နယ်မြေသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ဦးဆောင်နေသူ CDM ဗိုလ်ကြီးများက အသိပေးသည်။

People’s Solder အဖွဲ့ သည် CDM ပြုလပ်ထား​သော တပ်မ​တော်သားများဖြင့်ဖွဲ့စည်းထားပြီး အကြမ်းဖက်စစ်တပ်မှ ပြည်သူရင်ခွင်ခိုလှုံလိုသူများကို ကူညီ​ပေး​နေ​သောအဖွဲ့ဖြစ်သည်။

ပြည်သူနှင့်အတူ ရပ်တည်လာသည့် ပြည်သူ့တပ်မတော်သား အရာရှိနှစ်ဦးကို ကြိုးစားကူညီပေးလိုက်နိုင်ပြီး လုံခြုံသည့်နေရာကို အန္တရာယ်ကင်းစွာ ​ပိုဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီးထက်မြတ်က အသိပေးသည်။

“ဒီအရာရှိ၂ဦးလဲ အခုလိုဆုံးဖြတ်ခဲ့တာ သိပ်ကိုခက်ခဲခဲ့မယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ပြည်သူနဲ့အတူ ပူးပေါင်းဖို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တဲ့အတွက် လေးစားကျေးဇူးတင်မိပါတယ်”ဟု ဗိုလ်ကြီးထက်မြတ်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှအသိပေးသည်။

Public Service Announcement

Public Service Announcement

ကျန်ရှိနေသေးသော ပြည်သူ့စစ်သားများအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်လိုလျှင် မိမိသိနေသည့် အမှန်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ကြရန်နှင့် ပြည်သူများက လက်ကမ်းကြိုဆိုနေကြောင်း CDM ဗိုလ်ကြီးပြည့်စုံက ပြောသည်။

စိတ်ဓာတ်ပြည့်ဝသည့် တပ်မတော်သားများ ပြည်သူ့ဘက်ကို ရပ်တည်လာနိုင်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDM ဗိုလ်ကြီးများက ပြောသည်။

စက်တင်ဘာ၂၃ရက် ညပိုင်းကလည်း ပဲခူးတိုင်း​ကျောက်ကြီးမြို့နယ် မုန်းဒေသ တပ်ရင်း (၅၉၉)မှ ဗိုလ်ကြီး တစ်ဦးအပါဝင် တပ်သားအဖွဲ့ဝင်များသည်လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြည်သူ့ဘက်မှရပ်တည်ကာ CDMပြုလုပ်ခဲ့ကြောင်း People’s Soldiers အဖွဲ့က အသိပေးထားသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ မတရား​သောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာ​သောတပ်မ​တော်သား ​ထောင်နှင့်ချီ ရှိ​နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။