Connect with us

Hi, what are you looking for?

News

ကညနရုံးဗုံးပေါက်၊ ထိခိုက်ဒဏ်ရာရသူများ

ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ဦးထက်မနည်းဒဏ်ရာရရှိတယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရသူစာရင်းအတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

မန္တလေး မဟာအော​င်မြေမြို့နယ်အတွင်းက မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး (ကညနရုံး)မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၉ နာရီလောက်က ကညနရုံးရဲ့အပြင်ဘက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးရှိပြည်သူအချို့ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဗုံးပေါက်တော့ အပြင်မှာတန်းစီနေတဲ့သူတွေထိသွားတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့မဟုတ်ဘူး ။ ဗုံးအစမှန်တာ။နာရေးကားတွေနဲ့တော့သယ်သွားကြတယ်။ဒီရက်ပိုင်းက လိုင်စင်မဲ့တွေ လိုင်စင်လုပ်ပေးနေတာဆိုတော့ လူကတအားများနေတာ”ဟု ကညနရုံးအနီးမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ဦးထက်မနည်းဒဏ်ရာရရှိတယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရသူစာရင်းအတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ လိုင်စင်မဲ့ မော်တော်ဆိုင်တွေကို လိုင်စင်ပြုလုပ်ပေးချိန်ဖြစ်တဲ့အတွက် ကညနရုံးမှာ လူစည်ကားနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းတုန်းက မန္တလေးကညနရုံးမှာ ဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ကိုဗစ်ကြောင့်ဆိုကာ ယာယီပိတ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

သတင်း

သန်းခေါင်စာရင်းကောက်ယူနေ၍ လုံခြုံရေးတိုးမြှင့်ထားချိန် စစ်ကိုင်းမြို့မစျေးအတွင်း ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။