Connect with us

Hi, what are you looking for?

News

မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အားတွေဖြည့်နေပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိ

စက်တင်ဘာ ၂၅ ရက်ကစပြီး အာဏာသိမ်းအကြမ်းစစ်ကောင်စီ တပ်တွေဟာ မုန်းမြို့နယ် ကြောင်ပြာရွာက ကြောင်ပြာစခန်းကို အင်အား ၁၀၀ ကျော် ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က တပ်အင်အားဖြည့်ဆည်းနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀၀ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံကရင်လူမှုရေးအဖွဲ့ထံကနေ သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်ကစပြီး အာဏာသိမ်းအကြမ်းစစ်ကောင်စီ တပ်တွေဟာ မုန်းမြို့နယ် ကြောင်ပြာရွာက ကြောင်ပြာစခန်းကို အင်အား ၁၀၀ ကျော် ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီက အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်း စစ်ကားလေးစီးနဲ့ သူဌေးကုန်းလမ်းဆုံမှာ လာရောက်ချထားပြီး အဲ့ဒီလမ်းဆုံးကနေတစ်ဆင့် ခြေကျင်ခရီးနဲ့ ကြောင်ပြာစခန်းဘက်ကို ထပ်မံအင်အားဖြည့်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ အကြမ်းစစ်ကောင်စီတပ်
ဖွဲ့တွေဟာ ကြောင်ပြာစခန်းကို အင်အားဖြည့်ဆည်းတာတွေ လုပ်ဆောင်ခဲ့လို့ အနီးအနားရွာဖြစ်တဲ့ မြောင်းဦးရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောင်းဦးရွားနဲ့ နီးစပ်တဲ့ သောတကူရွာမှာလည်း အိမ်ခြေ ၁၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကျန်ရှိနေတဲ့ရွာသားတွေကတော့ အထုပ်အပိုးတွေကို ကြိုတင်ပြင်ဆင်ထားကာ စိုးရိတ်ထိတ်လန့်စွာနဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၆ ရက် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကြောင်ပြာကျေးရွာ အရှေ့ဘက်ခြမ်းနေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဲ့ဒီအနီးတစ်ဝိုက်မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာပါ။

ဒီလို လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တာတွေကြောင် အနီးအနားက ကျေးရွာတွေမှာ ကျောင်းတွေ ပိတ်ထားရလျက်ရှိပြီး တဖက်မှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကို ပိုမိုပျံ့နှံ့စေမှာဖြစ်ကာ ဒေသခံပြည်သူတို့ရဲ့ လူမှုဘဝလုံခြုံမှုကို ဆိုးရွားစွာခြိမ်းခြောက်နေလျက်ရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook