Connect with us

Hi, what are you looking for?

News

ကမာရွတ်၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့၌ စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ပြည်သူခြောက်ဦးဖမ်းဆီး

“ဘေးအိမ်အထိ စစ်ပြီး နှစ်ယောက်ပါသွားတယ်။ ကျွန်မတို့အိမ်တော့ ကပ်လွတ်သွားတယ်”ဟု လှိုင်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

(ယမန်နေ့ညနေက ကမာရွတ်မြို့နယ်ရဲစခန်းအနီးပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ယမန်နေ့(စက်တင်ဘာ ၂၇)ညက ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ခြင်းနှင့် ရှာဖွေဖမ်းဆီးခြင်းများကို ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါမြို့နယ်များတွင် မရမ်းကုန်း၊ လှိုင်နှင့် ကမာရွတ်မြို့နယ်များပါဝင်ပြီး အနည်းဆုံးပြည်သူခြောက်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

“ဘေးအိမ်အထိ စစ်ပြီး နှစ်ယောက်ပါသွားတယ်။ ကျွန်မတို့အိမ်တော့ ကပ်လွတ်သွားတယ်”ဟု လှိုင်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် လှိုင်မြို့နယ် မာလာမြိုင် (၆) လမ်းအတွင်း ယမန်နေ့ည ၁၁ နာရီခန့်က ဧည့်စားရင်းဝင်စစ်ကာ ပြည်သူခြောက်ဦးကို ဖမ်းဆီးသွားကြောင်း Hlaing Information က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ၂ လမ်းနှင့် မနော်ဟရီလမ်းများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေမှုများရှိခဲ့သော်လည်း ဖမ်းဆီးခံရသူမရှိခဲ့ပေ။

အလားတူ ကမာရွတ်မြို့နယ် (၈) ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာနှင့် နာနတ်တောလမ်းတို့တွင် စစ်ကောင်စီတပ်များက နေအိမ်တိုက်ခန်းများအတွင်း ဝင်ရောက် ရှာဖွေမှုများ လိုက်လံစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး ဒေသသတင်းရင်းများ၏အဆိုအရ ဖမ်းဆီးခံရသူမရှိကြောင်း သိရသည်။

ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်များ ရှာဖွေဖမ်းဆီးမှုလုပ်ဆောင်ခဲ့သည့် အထက်ပါသုံးမြို့နယ်အနက် ကမာရွတ်မြို့နယ် ရဲစခန်းအနီး ညနေပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။