Connect with us

Hi, what are you looking for?

News

မန္တလေး သပိတ်စစ်ကြောင်း ဦးဆောင်သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေ

ဆန္ဒပြစစ်ကြောင်းအတွင်းမှာ လိုက်လံဖမ်းဆီးတာမျိုးမဟုတ်ဘဲ ဆန္ဒပြပြီးအပြန်မှာ လိုက်လံနောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးတာမျိုးတွေပြုလုပ်နေတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

မန္တလေးက သပိတ်စစ်ကြောင်း ကို တွေ့ရစဉ်

မန္တလေးမြို့ရှိ ဆန္ဒပြသပိတ်စစ်ကြောင်း အသီးသီးကဦးဆောင်သူတွေ ကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။

ဆန္ဒပြစစ်ကြောင်းအတွင်းမှာ လိုက်လံဖမ်းဆီးတာမျိုးမဟုတ်ဘဲ ဆန္ဒပြပြီးအပြန်မှာ လိုက်လံနောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးတာမျိုးတွေပြုလုပ်နေတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

“တပစစစ်ကြောင်းက အကိုတွေရဲ့အိမ်ကိုဝင်စီးတာ။ ဆန္ဒပြပြီးရင် နောက်ယောင်ခံလိုက်လာတာ။ ခေါင်းဆောင်ပိုင်းတွေ ဆန္ဒပြဦးဆောင်သူတွေကို ပစ်မှတ်ထားပြီး ဖမ်းနေတာ။ အခုလိုဖမ်းဆီးတာတွေရှိပေမယ့် ဆက်ပြီးတော့ ဆန္ဒပြတာတော့ ဆက်လုပ်သွားမှာပါပဲ။ သတိလေးတော့ထားရတာပေါ့ “ဟု တပစစစ်ကြောင်းမှာလိုက်ပါဆန္ဒပြနေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။

မနေ့က စက်တင်ဘာလ ၃၀ရက်က တပစစစ်ကြောင်းမှာလိုက်ပါတဲ့ ၄ ဦး ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။

Public Service Announcement

Public Service Announcement

၃ ဦးကိုသူတို့နေထိုင်တဲ့ နေအိမ်ကိုဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ကျန် ၁ဦးကိုအခြားနေရာ မှာ ဖမ်းမိခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်ကလည်း သံဃာသမဂ္ဂသပိတ်စစ်ကြောင်းကနေ လိုက်ပါဆန္ဒပြလေ့ရှိသူ ကင်းဝန်မင်းကြီးကျောင်းတိုက်က ဆရာတော် ၁ ပါးကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဆရာတော်ကိုဖမ်းဆီးပြီးနောက် မဟာဝိဇိယရာမကျောင်းတိုက်က ဆရာတော် ၂ပါးနဲ့ လူ၂ဦးကိုလည်းထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။

မဟာဝိဇိယရာမကျောင်းတိုက်က ဖမ်းဆီးခဲ့တဲ့ ဆရာတော်၂ပါးနဲ့ လူ၁ဦးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပြီး ကျန် လူ၁ဦးကိုတော့ PDFဟုဆိုကာ ဆက်လက်ဖမ်းဆီးထားတယ်လို့ သံဃာသမဂ္ဂသပိတ်စစ်ကြောင်းက ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

” ကင်းဝန်မင်းကြီးကျောင်းက ဆရာတော်ကိုဖမ်းတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ မထုတ်ပြန်ဘူး။ အခုနန်းတွင်းထဲရောက်နေတယ်ပြောတယ် ။ သပိတ်စစ်ကြောင်းမှာဦးစီးဦးဆောင်လုပ်တဲ့ကိုယ်တော်တွေရဲ့ အချက်အလက်တွေယူတာနေမယ်။ အခုထိတော့ဖမ်းထားဆဲပါပဲ။ဆန္ဒပြတာကတော့ဆက်ပြီးပြနေမှာပဲ။ ပြရင်ဖမ်းမယ်ဆိုတာလည်းသိတယ်။ဖမ်းမှာ သူ့အလုပ် ပြမှာကိုယ့်အလုပ်ပဲ။ ရင်ဆိုင်ရမယ်ဆိုရင် ရင်ဆိုင်ပေါ့။ ဦးဇင်းတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြတာပါ”ဟု ဆရာတော်ကမိန့်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၈လကြာတဲ့အထိ မန္တလေးမှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေဟာ နေ့စဉ်ဆန္ဒဖော်ထုတ်လျက်ရှိနေပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့ရဲ့ နေရာအချို့ စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်တာလည်းတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook