Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး သပိတ်စစ်ကြောင်း ဦးဆောင်သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေ

ဆန္ဒပြစစ်ကြောင်းအတွင်းမှာ လိုက်လံဖမ်းဆီးတာမျိုးမဟုတ်ဘဲ ဆန္ဒပြပြီးအပြန်မှာ လိုက်လံနောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးတာမျိုးတွေပြုလုပ်နေတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

မန္တလေးက သပိတ်စစ်ကြောင်း ကို တွေ့ရစဉ်

မန္တလေးမြို့ရှိ ဆန္ဒပြသပိတ်စစ်ကြောင်း အသီးသီးကဦးဆောင်သူတွေ ကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။

ဆန္ဒပြစစ်ကြောင်းအတွင်းမှာ လိုက်လံဖမ်းဆီးတာမျိုးမဟုတ်ဘဲ ဆန္ဒပြပြီးအပြန်မှာ လိုက်လံနောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးတာမျိုးတွေပြုလုပ်နေတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

“တပစစစ်ကြောင်းက အကိုတွေရဲ့အိမ်ကိုဝင်စီးတာ။ ဆန္ဒပြပြီးရင် နောက်ယောင်ခံလိုက်လာတာ။ ခေါင်းဆောင်ပိုင်းတွေ ဆန္ဒပြဦးဆောင်သူတွေကို ပစ်မှတ်ထားပြီး ဖမ်းနေတာ။ အခုလိုဖမ်းဆီးတာတွေရှိပေမယ့် ဆက်ပြီးတော့ ဆန္ဒပြတာတော့ ဆက်လုပ်သွားမှာပါပဲ။ သတိလေးတော့ထားရတာပေါ့ “ဟု တပစစစ်ကြောင်းမှာလိုက်ပါဆန္ဒပြနေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။

မနေ့က စက်တင်ဘာလ ၃၀ရက်က တပစစစ်ကြောင်းမှာလိုက်ပါတဲ့ ၄ ဦး ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။

Public Service Announcement

Public Service Announcement

၃ ဦးကိုသူတို့နေထိုင်တဲ့ နေအိမ်ကိုဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ကျန် ၁ဦးကိုအခြားနေရာ မှာ ဖမ်းမိခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်ကလည်း သံဃာသမဂ္ဂသပိတ်စစ်ကြောင်းကနေ လိုက်ပါဆန္ဒပြလေ့ရှိသူ ကင်းဝန်မင်းကြီးကျောင်းတိုက်က ဆရာတော် ၁ ပါးကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဆရာတော်ကိုဖမ်းဆီးပြီးနောက် မဟာဝိဇိယရာမကျောင်းတိုက်က ဆရာတော် ၂ပါးနဲ့ လူ၂ဦးကိုလည်းထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။

မဟာဝိဇိယရာမကျောင်းတိုက်က ဖမ်းဆီးခဲ့တဲ့ ဆရာတော်၂ပါးနဲ့ လူ၁ဦးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပြီး ကျန် လူ၁ဦးကိုတော့ PDFဟုဆိုကာ ဆက်လက်ဖမ်းဆီးထားတယ်လို့ သံဃာသမဂ္ဂသပိတ်စစ်ကြောင်းက ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

” ကင်းဝန်မင်းကြီးကျောင်းက ဆရာတော်ကိုဖမ်းတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ မထုတ်ပြန်ဘူး။ အခုနန်းတွင်းထဲရောက်နေတယ်ပြောတယ် ။ သပိတ်စစ်ကြောင်းမှာဦးစီးဦးဆောင်လုပ်တဲ့ကိုယ်တော်တွေရဲ့ အချက်အလက်တွေယူတာနေမယ်။ အခုထိတော့ဖမ်းထားဆဲပါပဲ။ဆန္ဒပြတာကတော့ဆက်ပြီးပြနေမှာပဲ။ ပြရင်ဖမ်းမယ်ဆိုတာလည်းသိတယ်။ဖမ်းမှာ သူ့အလုပ် ပြမှာကိုယ့်အလုပ်ပဲ။ ရင်ဆိုင်ရမယ်ဆိုရင် ရင်ဆိုင်ပေါ့။ ဦးဇင်းတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြတာပါ”ဟု ဆရာတော်ကမိန့်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၈လကြာတဲ့အထိ မန္တလေးမှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေဟာ နေ့စဉ်ဆန္ဒဖော်ထုတ်လျက်ရှိနေပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့ရဲ့ နေရာအချို့ စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်တာလည်းတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။