Connect with us

Hi, what are you looking for?

News

တရုတ်နိုင်ငံနဲ့ မိတ်ဖက်ဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အဆင်သင့်ရှိနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီလက်ခံအောက် ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ပယ်ဖျက်ဖို့ကြိုးပမ်းပြောဆိုပြီးနောက်ပိုင်းမှာ တရုတ်က NLD ပါတီကို မပျက်ဖျက်ဖို့ စစ်ကောင် စီကို ပြောကြားထားတယ်လို့ ဧရာ၀တီသတင်းတစ်ရပ်မှာဖော်ပြပါတယ်။

ချစ်ကြည်ရေးတိုးမြှင့်အောင်ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံနဲ့ မိတ်ဖက်ဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အဆင်သင့်ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၇၂ ကြိမ်မြောက် အမျိုးသားနေ့ကို အမျိုးသားညီ ညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြတာ ဖြစ်ပြီး အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင် ဖြစ်ထွန်းဖို့ တရုတ်နိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်လို့ ဆက်လက်ဖော်ပြပါ တယ်။

တရုတ်နိုင်ငံဟာ တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုဆက်ဆံနေပေမယ့်လည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ကို ထိတွေ့ ဆက်ဆံမှုပြုလုပ်နေတာတွေ့ရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီလက်ခံအောက် ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ပယ်ဖျက်ဖို့ကြိုးပမ်းပြောဆိုပြီးနောက်ပိုင်းမှာ တရုတ်က NLD ပါတီကို မပျက်ဖျက်ဖို့ စစ်ကောင် စီကို ပြောကြားထားတယ်လို့ ဧရာ၀တီသတင်းတစ်ရပ်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အခု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ သဝဏ်လွှာမှာ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့တဲ့ အတွက်နဲ့ မြန်မာပြည်သူ အားလုံးအတွက် တရုတ်မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးတဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေအတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနဲ့ တရုတ်တို့ဟာ အိမ်နီးချင်းတွေ အနေနဲ့ အားကောင်းပြီး ထူးခြားတဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးက ပြည်သူတွေ အတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိတာ သေချာစေဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။