Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် စားနပ်ရိက္ခာလိုအပ်၍အကူအညီတောင်းခံမှုပိုများလား

“အရင်က တစ်ရက်ကို အကူအညီ လေးခုလောက် လှမ်းတောင်းတယ်။အခုက ဆယ်ဂဏန်းအထက်မှာပဲ နေ့စဥ်ဖြစ်လာနေတယ်။ပြီးတော့ ဆင်းကြည့်လိုက်ရင် မရှိမဖြစ် တကယ်လိုအပ်နေတဲ့သူတွေက များနေတယ်”ဟု ရန်ကုန်အခြေစိုက် People to People ဗော်လန်တီယာအဖွဲ့က တာဝန်ရှိသူက ပြောသည်။

အခြေခံကုန်စျေးများမြင့်တက်လာမှုနှင့်အတူ ရန်ကုန်မြို့တွင် စားနပ်ရိက္ခာအကူအညီအထောက်အပံလိုအပ်သူများလာကြောင်း လူမှုကူညီရေးအသင်း အဖွဲ့များက ပြောသည်။

စစ်တပ်၏ အာဏာသိမ်းချိန်မှစတင်ကာ နိုင်ငံ့ စီးပွားရေးကဏ္ဍမှာ ဖရိုဖရဲဖြင့်ကျဆင်းလာနေပြီး အလုပ်အကိုင်ပေါင်းများစွာဆုံးရှုံးရသဖြင့် အခြေခံလူတန်းစားများ စားဝတ်နေရေးမှာ ပိုမိုခက်ခဲကြပ်တည်းလာသည်ဟု ၎င်းတို့က မှတ်ချက်ပြုသည်။

“အရင်က တစ်ရက်ကို အကူအညီ လေးခုလောက် လှမ်းတောင်းတယ်။အခုက ဆယ်ဂဏန်းအထက်မှာပဲ နေ့စဥ်ဖြစ်လာနေတယ်။ပြီးတော့ ဆင်းကြည့်လိုက်ရင် မရှိမဖြစ် တကယ်လိုအပ်နေတဲ့သူတွေက များနေတယ်”ဟု ရန်ကုန်အခြေစိုက် People to People ဗော်လန်တီယာအဖွဲ့က တာဝန်ရှိသူက ပြောသည်။

စားနပ်ရိက္ခာအကူအညီတောင်းခံမှုတွင် မြောက်ဒဂုံ၊မရမ်းကုန်း ၊လှိုင် ကဲ့သို့မြို့နယ်များလည်း ပါဝင်ပြီး တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အင်းစိန် နှင့် ထန်းတပင်မြို့နယ်များမှလည်း နေ့စဥ်ထောက်ပံရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ရေးအရ ရှောင်လွှဲလို့ မရတဲ့ဒေသတွေကို မပြောဘဲနဲ့တောင် ဧရာဝတီတိုင်းက မြို့နယ်တချို့က လူတွေဆိုရင် အလုပ်လုပ်ရင်းနဲ့တောင် ကျပ်တည်းနေပြီ။အကူအညီပေးရတာတွေတော့အရင်ထက် များလာတာတော့သေချာတယ်”ဟု ဧရာဝတီတိုင်းလူမှုကူညီရေး အဖွဲ့ တစ်ခု၏ တာဝန်ရှိသူတစ်ဦးကလည်းပြောသည်။

မြန်မာကျပ်ငွေလဲ နှုန်းစံချိန်တင်ကျဆင်းမှု ကြောင့် စက်သုံးဆီးဈေးနှုန်းများမြင့်တက် လာပြီး၊အဓိကကုန်ပစ္စည်းအများစုသည် ပြည်ပမှ မှာယူနေရခြင်းကြောင့် အခြေခံစားသောက်ကုန်စျေးများအပါအဝင် ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်သည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ညံဖျင်းသော စီမံခန့်ခွဲမှုများမှာလည်းပြည်သူကိုပိုမို ကြပ်တည်းစေကြောင်းစီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

“ကားပါမစ်တွေ ပိတ်တာလောက်နဲ့ကိုယ်နိုင်တာကို ကိုင် တွယ်နေပုံက ခုတ်ရာ တခြားရှရာတခြားပဲ။ နိုင်ငံခြားငွေ ထုတ်ရောင်းရအောင်ကလည်း အရန်ငွေ ဘယ်လောက်များများရှိလို့လည်း။ FDI ကလည်းကျ ၊လွှဲပြောင်းငွေကနည်း ၊ အိတ်စပို့ပိုက်ဆံကနည်း၊ ဆင်ပါးစပ်နှမ်းပက်သလိုဖြစ်နေတယ်။ပြည်သူတွေကတော့ အထွေထွေစျေးနှုန်းမြင့်မှုကြောင့် တိုင်ပတ်နေပါပြီ”ဟု အထက်ပါ စီးပွားရေးပညာရှင်ကပြောသည်။

(ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အခြေခံပြည်သူများကို စေတနာရှင်များ၏ လှူဒါန်းမှုဖြင့်ကိုကြီးနှင့် ညီအစ်ကို၊မောင်နှစ်မများ ပရဟိတအဖွဲ့ကအောက်တိုဘာလဆန်းတွင် ဆန်များလှူဒါန်းခဲ့သည်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။