Connect with us

Hi, what are you looking for?

News

ဆူပူအောင်လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဒေါက်တာဇော်မြင့်မောင် ငြင်းဆို

ဒေါက်တာဇော်မြင့်မောင်ကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရရှိရေး လျှောက်ထားပြီး နောက်လာမယ့် ရုံးချိန်းမှာ သိရမယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပေါ်စွဲချက်တင်ထားတဲ့ ပုဒ်မ၅၀၅(ခ) အပေါ် ကျူးလွန်းခြင်မရှိကြောင်း ဒီကနေ့ရုံးချိန်းမှာငြင်းဆိုခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်ကပြောပါတယ်။

ဒီကနေ့ မြို့နယ်အဆင့်ရုံးချိန်းမှာတော့ ဒေါက်တာဇော်မြင့်မောင် ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

“ဆရာဇော်ကို တပိုင်းစစ်တယ်။တရားခံစစ် စစစ်ပြီ။ တာဝန်ကို ဘယ်တုန်းကနေထိ ထမ်းဆောင်ခဲ့တယ်။စွဲဆိုထားတဲ့ပုဒ်မနဲ့ပတ်သက်ပြီးစွဲချက်တဲ့အခါမှာ သူကအပြစ်မရှိသလို ကြေညာချက်အမှတ် ၂၊၃၊၄၊၅၊၆ ကြေညာစဉ်မှာ သူထိန်းသိမ်းခံထားရတယ်။ဒါတွေလုပ်တာ သူလည်းမသိသလိုသူလည်းမပါဘူး ဒါပဲ အဓိက။ စွဲချက်ကိုငြင်းတာခေါ်တာပေါ့နော် အပြစ်မရှိဘူး။ ကြေညာတဲ့အခါမှာ သူကကြေညာနိုင်တဲ့အခြေနေမှာမရှိဘူး။အဖမ်းခံ အထိန်းသိမ်းခံထားရတယ်။ “ဟု ကနေ့ရုံးချိန်းထွက်ဆိုချက်ကို တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်ကပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရရှိရေး လျှောက်ထားပြီး နောက်လာမယ့် ရုံးချိန်းမှာ သိရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်လာမယ့်ရုံးချိန်းကိုတော့ အောက်တိုလာလ ၁၁ရက်နေ့မှာ ချိန်းဆိုထားပါတယ်။

ပုဒ်မ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့အပေါ် ခရိုင်တရားရုံးကို အယူခံတက်ပြီး ပယ်ချခံရကာ ထပ်မံပြီး တိုင်းတရားလွှတ်တော်ကိုတက်ရောက်သွားမယ်လို့ ရှေ့နေအဖွဲ့ထံကနေစုံစမ်းသိပါတယ်။

စစ်တပ် က အာဏာသိမ်းပြီးတဲ့နောက် NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အချို့နဲ့ပတ်သက်ပြီး သမ္မတဦးဝင်းမြင့် ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောက်နဲ့ ဖမ်းဆီးထားတဲ့ NLD တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီ က တရားစွဲထားတာပါ။

အဲဒီထုတ်ပြန်ချက်တွေကတော့ စစ်ကောင်စီကိုအသိအမှတ်မပြုဖို့ ၊ စစ်ကောင်စီ ရဲ့ထုတ်ပြန်ချက်တွေ ၊ဥပဒေ ပြဌာန်းချက်တွေဟာတရားမဝင်ဘူးလို့ ဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖီဆန်ကာ အရှည်ကြာဆုံးအကျဥ်းကျခံရသူများတွင် တစ်ဦးပါဝင်သည့် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဦးမညွှတ်ခဲ့​ပေ။ ထို​ကြောင့်ပြည်သူများက ​ဒေါက်တာ​ဇော်မြင့်​မောင်ကို မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက်တာဝန်​ကျေသူဟု နှလုံးသားဝယ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

သတင်း

အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လ ၁၄ ရက်ညပိုင်းကလည်း ဒေါက်တာဇော်မြင့်မောင် ၏နေအိမ်ရှေ့၌ ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။

သတင်း

ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။