Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုထောင် ၁၅ နှစ်ချ

ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုထောင် ၁၅ နှစ်ချ
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုထောင် ၁၅ နှစ်ချ

မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်အားပေးမှု နဲ့ စစ်ကောင်စီရဲ့ အိုးဘိုထောင်တွင်း တရားရုံးမှာ ဒီနေ့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်ပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊NLD မန္တလေးတိုင်း ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက အိုးဘိုထောင်တွင်း တရားရုံး ချိန်းကနေအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ဆေးပြီး PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲပြီးအိုးဘိုထောင်ကိုပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၇ လကျော်အကြာမှာတော့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်တာပါ။

ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ပေးအပ်ချီးမြှင့်ရာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း

အီတလီနိုင်ငံအခြေစိုက် IDHAE အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ကို မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။

ဆောင်းပါး

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖီဆန်ကာ အရှည်ကြာဆုံးအကျဥ်းကျခံရသူများတွင် တစ်ဦးပါဝင်သည့် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဦးမညွှတ်ခဲ့​ပေ။ ထို​ကြောင့်ပြည်သူများက ​ဒေါက်တာ​ဇော်မြင့်​မောင်ကို မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက်တာဝန်​ကျေသူဟု နှလုံးသားဝယ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

သတင်း

အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်သည်။