Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုထောင် ၁၅ နှစ်ချ

ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုထောင် ၁၅ နှစ်ချ
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုထောင် ၁၅ နှစ်ချ

မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်အားပေးမှု နဲ့ စစ်ကောင်စီရဲ့ အိုးဘိုထောင်တွင်း တရားရုံးမှာ ဒီနေ့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်ပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊NLD မန္တလေးတိုင်း ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက အိုးဘိုထောင်တွင်း တရားရုံး ချိန်းကနေအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ဆေးပြီး PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲပြီးအိုးဘိုထောင်ကိုပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၇ လကျော်အကြာမှာတော့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်တာပါ။

ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လ ၁၄ ရက်ညပိုင်းကလည်း ဒေါက်တာဇော်မြင့်မောင် ၏နေအိမ်ရှေ့၌ ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။

သတင်း

PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

သတင်း

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းကနေ မန္တလေးဆေးရုံကြီးကို တက်ရောက်ခဲ့ရတာဖြစ်ပြီး ဆေးစစ်တာတွေကို တစ်ရက်တည်းပြုလုပ်ခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

သတင်း

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကိုအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်ထိ ချလို့ရတဲ့အကြမ်းဖက်ပုဒ်မ ၅၀ ည. နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။