Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ နေအိမ် ရှေ့ ယမန်နေ့ညက ဗုံးနှစ်ကြိမ်ဆက်ပေါက်

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လ ၁၄ ရက်ညပိုင်းကလည်း ဒေါက်တာဇော်မြင့်မောင် ၏နေအိမ်ရှေ့၌ ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။

(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒေါက်တာဇော်မြင့်မောင်နေအိမ်ရှေ့အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒေါက်တာဇော်မြင့်မောင်နေအိမ်ရှေ့အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

▪️စစ်ကောင်စီလက်ချက်ဟု မြို့ခံများပြော

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်ရှေ့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အမရပူရမြို့နယ် စစ်ကိုင်း – မန္တလေးလမ်းမကြီးပေါ်အိုးတော်ရပ်ကွက်ရှိ ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်ရှေ့တွင် ယမန်နေ့ (မေလ ၈ ရက်) ည ၉ နာရီ ၅၄ မိနစ်ခန့်က တစ်ကြိမ်၊ နောက်ထပ် ၁၆ မိနစ်ခန့်အကြာ ည ၁၀ နာရီ ၁၀ မိနစ်ခန့်ကတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်ရှေ့တွင်မူ သဲအိတ်များတန်းစီချထားသည်ကို တွေ့မြင်ရကြောင်း မြို့ခံအချို့က ပြောသည်။

“နှစ်လုံးစလုံး ဒေါက်ဇော်အိမ်ရှေ့ပေါက်တာ။ ဒါတောင်တစ်လုံးကျန်သေးတယ်ကြားတယ်။”ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒေါက်တာဇော်မြင့်မောင်နေအိမ်ရှေ့အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒေါက်တာဇော်မြင့်မောင်နေအိမ်ရှေ့အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ – PS)

အခင်းဖြစ်ရာအချိန်သည် လူသွားလူလာကင်းရှင်းသည့် ညအချိန်ဖြစ်ပြီး စစ်ကောင်စီတပ်သားများက မကြာခဏဖမ်းဆီးရိုက်နှက်မှုများပြုလုပ်တတ်၍ မြို့ခံများ မည်သူမျှ မထွက်ရဲသည့်အချိန်ဖြစ်ကြောင်း၊ ဒေါက်တာဇော်မြင့်မောင်နေအိမ်မှာ စစ်ကောင်စီတပ် ကင်းစခန်းနှစ်ခုဖြစ်သည့် အမရပူရရဲစခန်း၊ ငယ်တိုးအုပ်ချုပ်ရေးရုံးတို့ကြား မနီးမဝေးတွင်တည်ရှိကြောင်း မြို့ခံအချို့က ပြောသည်။

ထို့ကြောင့် အာဏာရှင်တော်လှန်သူ ဝါရင့်နိုင်ငံရေးသမား၏ အိမ်ရှေ့ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီ၏လက်ချက်ဟု မန္တလေးမြို့ခံများက ခန့်မှန်းပြောကြားသည်။

အမရပူရမြို့နယ်တွင် မေလ ၁ ရက်က ရဲစခန်း၊ မေလ ၅ ရက်က လဝကရုံးအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လ ၁၄ ရက်ညပိုင်းကလည်း ဒေါက်တာဇော်မြင့်မောင် ၏နေအိမ်ရှေ့၌ ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ၁ ရက် အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့ဖူးသော်လည်း ရွေးကောက်ပွဲအပြီးကာလတွင် ယခုလိုပင် နဝတ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။

ထို့နောက် ၁၉၉၆ မတ်လတွင် ၁၉၅၀ အရေးပေါ်အက်ဥပဒေဖြင့် နောက်ထပ် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် စုစုပေါင်း ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး၂၀၀၉ ဖေဖော်ဝါရီ ၂၁ ရက်တွင် လွတ်မြောက်လာခဲ့သည်။

ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် NLDပါတီမှဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာခဲ့ကာ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၎င်းမှာ ကင်ဆာရောဂါသည်တစ်ဦးဖြစ်သည့်ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို လက်ရှိတွင် စစ်ကောင်စီက အမှုပေါင်း ၉ မှုဖြင့် အမှုဆင်တရားစွဲဆိုထားပြီး ထောင်ဒဏ် ၂၆ နှစ် မတရားချခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

သတင်း

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စော်ဘွားကြီးကုန်း ပန်းခြံအနီးနှင့် အင်းစိန်လမ်းမတလျောက်တို့တွင် စစ်ကောင်စီ၏ ကင်းလှည့်ကားများ လှည့်ပတ်စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။

သတင်း

မူဆယ်မြို့ စက်မှုဇုန်ရှိ အာနိုးကားဝပ်ရှော့တွင် ပြင်ဆင်ရန် ရပ်ထားသည့် ကားတစ်စီးပေါ်မှ ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။