Connect with us

Hi, what are you looking for?

News

တောင်ဥက္ကလာပတွင် ယမန်နေ့ညက ပြည်သူခြောက်ဦးဖမ်းဆီးခံရ၊ ဓားစာခံဖမ်းဆီးမှုလည်းရှိ

လိုက်လံဖမ်းဆီးမှုများကို တောင်ဥက္ကလာ (၄)ရပ်ကွက် ၊(၅) ရပ်ကွက်နှင့် (၇) ရပ်ကွက်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် SouthOkkala News က ဖော်ပြသည်။

People's Spring
People's Spring

တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညက ပြည်သူခြောက်ဦးကို အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ည ၉ နာရီခန့်တွင် နှစ်ဦးပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လိုက်လံဖမ်းဆီးမှုများကို တောင်ဥက္ကလာ (၄)ရပ်ကွက် ၊(၅) ရပ်ကွက်နှင့် (၇) ရပ်ကွက်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် SouthOkkala News က ဖော်ပြသည်။

(၄)ရပ်ကွက်အတွင်းဖမ်းဆီးမှုတွင် သုတ (၇)လမ်းရှိ နေအိမ်တစ်အိမ်သို့ဝင်ရောက်ရှာဖွေစဉ် သားဖြစ်သူအားမတွေ့သောကြောင့် အသက် ၅၅ နှစ်အရွယ် မိခင်ကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ (၅) ရပ်ကွက်ရှိ တကောင်း (၉) လမ်းမှ သားအမိနှစ်ဦးအား ဖမ်းဆီးခဲ့သည့်အပြင် သရေခေတ္တရာ (၂၂) လမ်းရှိ အမျိုးသမီးတစ်ဦးနှင့် ၎င်းငှားရမ်းနေထိုင်သည့်နေအိမ်ပွဲစားနှစ်ဦးကိုပါ ဖမ်းဆီးခဲ့သည်။ ထိုဖမ်းဆီးမှုမှ အိမ်ပွဲစားနှစ်ဦးကို ည ၉ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တောင်ဥက္ကလာ (၇) ရပ်ကွက်ရှိ ရှင်သိဒ္ဓိ (၉) လမ်းနှင့် မင်းရဲကျော်စွာ (၉) လမ်းများသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေဖမ်းဆီးရန် ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်သူများမှာ ကြိုတင်တိမ်းရှောင်ခဲ့သောကြောင့် ဖမ်းဆီးခံရခြင်းမရှိခဲ့ဟု ဒေသခံများက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၁၁)ရပ်ကွက် ရတနာလမ်းရှိ မြသီတာအိမ်ယာဝင်းအတွင်း ယမန်နေ့နေ့လယ်ပိုင်းက ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရကာ ပစ်ခတ်သူတဦးဖမ်းဆီးခံခဲ့ရပြီးနောက် ယင်းမြို့နယ်အတွင်း ဖမ်းဆီးမှုများဆက်တိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ဖြတ်ပြီး ‌ကျေးရွာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။