Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဥက္ကလာပတွင် ယမန်နေ့ညက ပြည်သူခြောက်ဦးဖမ်းဆီးခံရ၊ ဓားစာခံဖမ်းဆီးမှုလည်းရှိ

လိုက်လံဖမ်းဆီးမှုများကို တောင်ဥက္ကလာ (၄)ရပ်ကွက် ၊(၅) ရပ်ကွက်နှင့် (၇) ရပ်ကွက်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် SouthOkkala News က ဖော်ပြသည်။

People's Spring
People's Spring

တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညက ပြည်သူခြောက်ဦးကို အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ည ၉ နာရီခန့်တွင် နှစ်ဦးပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လိုက်လံဖမ်းဆီးမှုများကို တောင်ဥက္ကလာ (၄)ရပ်ကွက် ၊(၅) ရပ်ကွက်နှင့် (၇) ရပ်ကွက်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် SouthOkkala News က ဖော်ပြသည်။

(၄)ရပ်ကွက်အတွင်းဖမ်းဆီးမှုတွင် သုတ (၇)လမ်းရှိ နေအိမ်တစ်အိမ်သို့ဝင်ရောက်ရှာဖွေစဉ် သားဖြစ်သူအားမတွေ့သောကြောင့် အသက် ၅၅ နှစ်အရွယ် မိခင်ကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ (၅) ရပ်ကွက်ရှိ တကောင်း (၉) လမ်းမှ သားအမိနှစ်ဦးအား ဖမ်းဆီးခဲ့သည့်အပြင် သရေခေတ္တရာ (၂၂) လမ်းရှိ အမျိုးသမီးတစ်ဦးနှင့် ၎င်းငှားရမ်းနေထိုင်သည့်နေအိမ်ပွဲစားနှစ်ဦးကိုပါ ဖမ်းဆီးခဲ့သည်။ ထိုဖမ်းဆီးမှုမှ အိမ်ပွဲစားနှစ်ဦးကို ည ၉ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တောင်ဥက္ကလာ (၇) ရပ်ကွက်ရှိ ရှင်သိဒ္ဓိ (၉) လမ်းနှင့် မင်းရဲကျော်စွာ (၉) လမ်းများသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေဖမ်းဆီးရန် ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်သူများမှာ ကြိုတင်တိမ်းရှောင်ခဲ့သောကြောင့် ဖမ်းဆီးခံရခြင်းမရှိခဲ့ဟု ဒေသခံများက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၁၁)ရပ်ကွက် ရတနာလမ်းရှိ မြသီတာအိမ်ယာဝင်းအတွင်း ယမန်နေ့နေ့လယ်ပိုင်းက ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရကာ ပစ်ခတ်သူတဦးဖမ်းဆီးခံခဲ့ရပြီးနောက် ယင်းမြို့နယ်အတွင်း ဖမ်းဆီးမှုများဆက်တိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။