Connect with us

Hi, what are you looking for?

News

NUGကိုအသိအမှတ်ပြုရေးအဆို ကန့်ကွက်သူမရှိ ပြင်သစ်အထက်လွှတ်တော်အတည်ပြု

ပြင်သစ်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့အတွက် အောက်လွှတ်တော် ရဲ့ အဆုံးအဖြတ်ကိုလည်း ခံယူဖို့ကျန်ရှိနေပြီး အစိုးရအဖွဲ့အတွင်းမှာလည်း ဆွေးနွေးဆောင်ရွက်ရမှာတွေ ရှိတယ်လို့ La Communauté Birmane de France ကဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြုရေးအဆိုအား ပြင်သစ်နိုင်ငံအထက်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ မနေ့က အတည်ပြုလိုက်တယ်လို့ ပြင်သစ်ရောက်မြန်မာအသိုင်းအဝိုင်းတွေက ပြောပါတယ်။

ပြင်သစ်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့အတွက် အောက်လွှတ်တော် ရဲ့ အဆုံးအဖြတ်ကိုလည်း ခံယူဖို့ကျန်ရှိနေပြီး အစိုးရအဖွဲ့အတွင်းမှာလည်း ဆွေးနွေးဆောင်ရွက်ရမှာတွေ ရှိတယ်လို့ La Communauté Birmane de France ကဖော်ပြပါတယ်။

“မလွယ်ကူပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” လို့ ဆက်လက်ဖော်ပြပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဌာနက အစိုးရတွေကို လက်ခံလေ့မရှိဘဲ နိုင်ငံတွေကိုသာ လက်ခံလေ့ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြင်သစ်အထက်လွှတ်တော်ရဲ့ NUG အသိအမှတ်ပြုရေးမဲခွဲပွဲကို ပြင်သစ်ရောက် မြန်မာများအဖွဲ့အစည်း CBF ဥက္ကဌ ဒေါက်တာတင်တင်ထားမြင့် ဦးဆောင်ပြီး မြန်မာတွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“လွှတ်တော်မှာ ပါတီအစုံ အဆိုတင်သွင်းတာ၈ ဦးရှိတယ်။ သူတို့အဆိုတင်သွင်းအပြီးမှာ NUG ကိုအသိအမှတ်ပြု့မဲ့သူတွေလက်ထောင်ပါဆိုတော့ အားလုံးလက်ထောင်ကြတယ်။ ကန့်ကွက်မဲ့သူလက်ထောင်ဆိုတော့ တယောက်မှ မကန့်ကွက်ကြဘူး။ အဲဒီအချိန် ဝမ်းသာလွန်းလို့ မျက်ရည်ကျရတယ်”လို့ တက်ရောက်ခဲ့သူတစ်ဦးက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။