Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းမှုအပေါ် အမေရိကန်ရဲ့တုံပြန်မှု နောက်ထပ်တစ်ဆင့်တိုးမြှင့်မယ့်ဥပဒေကြမ်းတစ်ရပ် ကန်လွှတ်တော်ကို တင်သွင်း

အဲဒီဥပဒေကြမ်းဟာ တရားမဝင်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုမှာ အရေးပါတဲ့အထောက်အပံ့ဖြစ်စေမှာဖြစ်ပြီး အမေရိကန်အောက်လွှတ်တော်ရဲ့ ဥပဒေကြမ်းကို ကြိုဆိုတယ်လို့ Global Witness အဖွဲ့က ကြေညာပါတယ်။

(ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ဖေဖော်ဝါရီလက ဆန္ဒပြတောင်းဆိုနေစဥ်)

မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် အမေရိကန်ရဲ့တုံပြန်မှု နောက်ထပ်တစ်ဆင့်တိုးမြှင့်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို အောက်လွှတ်တော်မှာ နိုင်ငံခြားရေးရာကော်မတီက မနေ့က တင်သွင်းလိုက်ပါတယ်။

အာဏာသိမ်းမှုကို ရှုတ်ချပြီး အာဏာသိမ်းစစ်ခေါင်း ဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးတွေကို အရေးယူပိတ်ဆို့ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပိုမိုကူညီပံ့ပိုးရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဆက် လက်ထိတွေ့ညှိနှိုင်းရေး၊ ကုလသမဂ္ဂကဆုံးဖြတ်ထားတဲ့ မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေးကို ပိုမိုဖိအားပေးရေး စတဲ့တိုက်တွန်းချက်တွေပါဝင်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်း ခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းဟာ တရားမဝင်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုမှာ အရေးပါတဲ့အထောက်အပံ့ဖြစ်စေမှာဖြစ်ပြီး အမေရိကန်အောက်လွှတ်တော်ရဲ့ ဥပဒေကြမ်းကို ကြိုဆိုတယ်လို့ Global Witness အဖွဲ့က ကြေညာပါတယ်။

ဒါ့အပြင် ဒဏ်ခတ်အရေးယူမှုတွေ တိုးချဲ့ရေး၊အကူ အညီပေးရေး၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဆုံးဖြတ်ရေးစတဲ့အချက်တွေပါဝင်တဲ့ အောက်လွှတ်တော်ရဲ့ ဥပဒေကြမ်းကို ထောက်ခံကြိုဆိုကြောင်း Refugees Internationalက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

(ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ဖေဖော်ဝါရီလက ဆန္ဒပြတောင်းဆိုနေစဥ်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။