Connect with us

Hi, what are you looking for?

News

မန္တလေး က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ကံသာယာရပ်ကွက်အပါအဝင် ရပ်ကွက်တွေထဲက ရာအိမ်မှူးအချို့ သေနတ်နဲ့ပစ်ခတ်ခံရမှုတွေရှိပါတယ်။

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် အတွင်းက ကံသာယာရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။

ဒီနေ့ နံနက် ၈နာရီကျော်လောက်က အသက် ၅၀ကျော်အရွယ် ကံသာယာရပ်ကွက် ရာအိမ်မှူးဦးဇော်မင်း ဟာ ပြည်ကြီးတံခွန်မြို့နယ် ၁၁၅လမ်းနဲ့ ၅၉လမ်းထောင့်မှာ ရောက်ရှိနေစဉ် သေနတ်နဲ့အပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ စုံစမ်သိရပါတယ်။

ရာအိမ်မှူးဟာ သေနတ်နဲ့အပြစ်ခံရပြီး အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

“ရာအိမ်မှူးက သေနတ်ဒဏ်ရာနဲ့လဲကျနေတာ။ ဘယ်သူမှ မသိကြသေးဘူး။ သူက လဲနေလို့ လမ်းဘေးမှာချထားပြီး စစ်တပ်လာတာကိုထိုင်စောင့်နေကြတာ”ဟု မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ သေဆုံးတဲ့အလောင်းကိုသယ်ဆောင်သွားပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ကံသာယာရပ်ကွက်အပါအဝင် ရပ်ကွက်တွေထဲက ရာအိမ်မှူးအချို့ သေနတ်နဲ့ပစ်ခတ်ခံရမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook