Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ကံသာယာရပ်ကွက်အပါအဝင် ရပ်ကွက်တွေထဲက ရာအိမ်မှူးအချို့ သေနတ်နဲ့ပစ်ခတ်ခံရမှုတွေရှိပါတယ်။

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် အတွင်းက ကံသာယာရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။

ဒီနေ့ နံနက် ၈နာရီကျော်လောက်က အသက် ၅၀ကျော်အရွယ် ကံသာယာရပ်ကွက် ရာအိမ်မှူးဦးဇော်မင်း ဟာ ပြည်ကြီးတံခွန်မြို့နယ် ၁၁၅လမ်းနဲ့ ၅၉လမ်းထောင့်မှာ ရောက်ရှိနေစဉ် သေနတ်နဲ့အပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ စုံစမ်သိရပါတယ်။

ရာအိမ်မှူးဟာ သေနတ်နဲ့အပြစ်ခံရပြီး အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

“ရာအိမ်မှူးက သေနတ်ဒဏ်ရာနဲ့လဲကျနေတာ။ ဘယ်သူမှ မသိကြသေးဘူး။ သူက လဲနေလို့ လမ်းဘေးမှာချထားပြီး စစ်တပ်လာတာကိုထိုင်စောင့်နေကြတာ”ဟု မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ သေဆုံးတဲ့အလောင်းကိုသယ်ဆောင်သွားပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ကံသာယာရပ်ကွက်အပါအဝင် ရပ်ကွက်တွေထဲက ရာအိမ်မှူးအချို့ သေနတ်နဲ့ပစ်ခတ်ခံရမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။