Connect with us

Hi, what are you looking for?

News

ယောနယ်တွင် စစ်​ကောင်စီယာဥ်တန်းကို ပ​ဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ၄၀ကျော်​သေ

စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ စစ်သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း YDF-ဂန့်​ဂေါတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယောနယ်တွင် အကြမ်းဖက်စစ်ကောင်စီကားများအား ပဒေသာဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သုတ်သင်နိုင်ခဲ့သည်ဟု ယောဒေသကာကွယ်ရေးပြည်သူ့တပ်ဖွဲ့YDF-Gangaw က ထုတ်ပြန် သည်။

ယမန်နေ့(အောက်တိုဘာ ၅ရက်) ညနေ ၃နာရီ ခွဲဝန်းကျင်တွင် ဂန့်ဂေါဘက်သို့ စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီကားအစီးရေ (၅၀)ကျော်အား ပဒေသာဆွဲမိုင်း ၁၄ လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ ရာစစ်ကား(၅)စီး တင့်ကား(၁)စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီအင်အား ၄၀-ကျော် သေဆုံးကာ ၃၀-ဦး ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း YDF မှသတင်းအတည်ပြု ထုတ်ပြန်အပ်ပါသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ စစ်သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း YDF-ဂန့်​ဂေါတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီအား ခုခံတော်လှန်စစ် ဆင်နွှဲနေချိန်တွင် မိဘပြည်သူများအနေဖြင့် လတ်တလော စစ်ရေးအခြေအနေအရ ဂန့်ဂေါ-ကလေးလမ်း၊ ဂန့်ဂေါ-ထီးလင်းလမ်း တစ် လျှောက် ခရီးသွားလာခြင်းမပြုကြရန်လည်း YDF-Gangawက ‌အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအား ခုခံတော်လှန်စစ်ပွဲတွင် အောင်မြင်နေသည့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့်ထိစပ်နေသော မကွေးတိုင်းဒေသကြီး ယောနယ်တွင်လည်း စစ်ကောင်စီဘက်က အထိနာနေသည်။

(ဓာတ်ပုံမှာ ပုံအ​ဟောင်းဖြစ်ပါသည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။