Connect with us

Hi, what are you looking for?

News

NUG နဲ့တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်တာကို ကြိုဆိုထားပြီး မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို အားလုံးပါဝင်နိုင်မယ့် အသွင်သဏ္ဍန်နဲ့ ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ ပြောကြားထားပါတယ်။

ကိုးကား - malaymail

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullahက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံခေါင်းဆောင်တွေချမှတ်ထားတဲ့ ဘုံဆုံဖြတ်ချက် ၅ ရပ်ကို စစ်ကောင်စီက ပူး ပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် မလေးရှားအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆွေးနွေးရေး စဉ်းစားဖို့ အသင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကပြော ဆိုလိုက်တာပါ။

Public Service Announcement

ပြီးခဲ့တဲ့ တနင်္လာနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို နေပြည် တော်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိသေးဘူးဆိုတာ အသိပေးပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်တာကို ကြိုဆိုထားပြီး မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို အားလုံးပါဝင်နိုင်မယ့် အသွင်သဏ္ဍန်နဲ့ ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။