Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီလက်အောက်ခံရင်းနှီးမြှပ်မှုကော်မရှင်က ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ဒသမ၇ဘီလီယံ ဝင်ရောက်ဟု စာရင်းလိမ်ထုတ်

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု လုံးဝမရှိချိန်တွင် ယခုလို စာရင်းလိမ်များ ထုတ်ပြန်ထားခြင်းဖြစ်သည်။

(Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံနေရသည်ကို တွေ့ရစဥ်)

အကြမ်းစစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ပြီးခဲ့သည့် ၂၀၂၀-၂၁ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖိုးဝင်ရောက်ခဲ့သည်ဟု စာရင်းလိမ်ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု လုံးဝမရှိချိန်တွင် ယခုလို စာရင်းလိမ်များ ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၂၀-၂၁ဘဏ္ဍာနှစ် ပထမလေးလပတ် အရပ်သားအစိုးရတွင် အမေရိကန်ဒေါ်လာ သန်း ၆၇၀ကျော်ဝင်ရောက်ခဲ့သည်။ ၎င်းဘဏ္ဍာနှစ် ကျန် ၈လတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှုမရှိသော်လည်း အကြမ်းဖက်စစ်တပ်၏ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ရင်းနှီးမြှပ်နှံမှု ကိန်းဂဏန်းပမာဏများကို တိုးမြှင့်ထားခဲ့သည်။

အကြမ်းစစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ၂၀၂၁ မတ်လတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၆၀၀ကျော်နှင့် ၂၀၂၁ မေလတွင် ၂ဘီလီယံခွဲ ဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကိန်းဂဏန်း ပမာဏများတိုးမြှင့် ဖော်ပြထားသော်လည်း မည်သည့်လုပ်ငန်းများ ဝင်ရောက်ခဲ့သည့်ဟု ဖော်ပြထားခြင်းမရှိပေ။ အများစုသည် စွမ်းအင်ကဏ္ဍတွင် ဝင်ရောက်ခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံဝင်ရောက်သည်ဟု အကြမ်းဖျင်းဖော်ပြထားသည်။

ရင်းနှီးမြှပ်နှံမူကော်မရှင်အစည်းအဝေးကို အရပ်သားအစိုးရလက်ထက် ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ထိုနောက်ပိုင်းတွင် ကျင်းပနိုင်ခြင်းမရှိတော့ပေ။ ထိုအစည်းအဝေးက လုပ်ငန်း ၁၂ခုကို နောက်ဆုံးခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံသည် တစ်နှစ်အနည်း ဒေါ်လာ ၄ ဘီလီယံမှ အများဆုံး ၆ ဒသမ ၆ ဘီလီယံအထိဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံကို နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှပ်နှံမူ ဒေါ်လာ ၅ ဒသမ ၈ဘီလီယံဝင်ရောက်ရန် ခန့်မှန်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။