Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံရင်းနှီးမြှပ်မှုကော်မရှင်က ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ဒသမ၇ဘီလီယံ ဝင်ရောက်ဟု စာရင်းလိမ်ထုတ်

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု လုံးဝမရှိချိန်တွင် ယခုလို စာရင်းလိမ်များ ထုတ်ပြန်ထားခြင်းဖြစ်သည်။

(Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံနေရသည်ကို တွေ့ရစဥ်)

အကြမ်းစစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ပြီးခဲ့သည့် ၂၀၂၀-၂၁ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖိုးဝင်ရောက်ခဲ့သည်ဟု စာရင်းလိမ်ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု လုံးဝမရှိချိန်တွင် ယခုလို စာရင်းလိမ်များ ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၂၀-၂၁ဘဏ္ဍာနှစ် ပထမလေးလပတ် အရပ်သားအစိုးရတွင် အမေရိကန်ဒေါ်လာ သန်း ၆၇၀ကျော်ဝင်ရောက်ခဲ့သည်။ ၎င်းဘဏ္ဍာနှစ် ကျန် ၈လတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှုမရှိသော်လည်း အကြမ်းဖက်စစ်တပ်၏ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ရင်းနှီးမြှပ်နှံမှု ကိန်းဂဏန်းပမာဏများကို တိုးမြှင့်ထားခဲ့သည်။

အကြမ်းစစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ၂၀၂၁ မတ်လတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၆၀၀ကျော်နှင့် ၂၀၂၁ မေလတွင် ၂ဘီလီယံခွဲ ဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကိန်းဂဏန်း ပမာဏများတိုးမြှင့် ဖော်ပြထားသော်လည်း မည်သည့်လုပ်ငန်းများ ဝင်ရောက်ခဲ့သည့်ဟု ဖော်ပြထားခြင်းမရှိပေ။ အများစုသည် စွမ်းအင်ကဏ္ဍတွင် ဝင်ရောက်ခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံဝင်ရောက်သည်ဟု အကြမ်းဖျင်းဖော်ပြထားသည်။

ရင်းနှီးမြှပ်နှံမူကော်မရှင်အစည်းအဝေးကို အရပ်သားအစိုးရလက်ထက် ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ထိုနောက်ပိုင်းတွင် ကျင်းပနိုင်ခြင်းမရှိတော့ပေ။ ထိုအစည်းအဝေးက လုပ်ငန်း ၁၂ခုကို နောက်ဆုံးခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံသည် တစ်နှစ်အနည်း ဒေါ်လာ ၄ ဘီလီယံမှ အများဆုံး ၆ ဒသမ ၆ ဘီလီယံအထိဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံကို နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှပ်နှံမူ ဒေါ်လာ ၅ ဒသမ ၈ဘီလီယံဝင်ရောက်ရန် ခန့်မှန်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။