Connect with us

Hi, what are you looking for?

News

ကုလ၏ ကိုဗစ်ကာကွယ်​ဆေးပံ့ပိုးမှုအကြိမ်ကြိမ်​ရွှေ့ဆိုင်းခံ​နေရဟု စစ်​ကောင်စီ​ပြော

စက်တင်ဘာ ၃၀ ရက်က GAVI ၊ WHO နှင့် UNICEF တို့၏မြန်မာနိုင်ငံအတွက် ခွဲတမ်းကာကွယ်ဆေးအရေအတွက် ၆ ဒသမ ၂ သန်းခွဲဝေထားသည်ဆိုသော ပူးတွဲထုတ်ပြန်ချက်မှာလည်း တစ်ခုမှ ရောက်မလာသေးဟု စစ်ကောင်စီ၏ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။

ကုလသမဂ္ဂ၏ ကိုဗစ်ကာကွယ်ဆေးပံ့ပိုးမှု အကြိမ်ကြိမ်ရွှေ့ဆိုင်းခံ​နေရကြောင်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ယမန်​နေ့တွင် ထုတ်ပြန်သည်။

ကုလ၏အစီအစဥ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့ (GAVI) အနေဖြင့် ကိုဗစ်ဆေးထောက်ပံ့သည့် COVAX အစီအစဥ်မှ အခြားအဖွဲ့ဝင်နိုင်ငံများဆီသို့ လေးကြိမ်မြောက် ကာကွယ်ဆေးပေးပို့ ကူညီထားပြီးဖြစ်သော်လည်းအဖွဲ့ဝင် မြန်မာနိုင်ငံသို့ တစ်ကြိမ်မှပံ့ပိုးခြင်းမရှိဟု ဆိုသည်။

ယခုကဲသို့ ခွဲ​ဝေမှုမရရှိခြင်းမှာ စစ်တပ်ကမတရားအာဏာသိမ်းမှု၏ အကျိုးဆက်​ကြောင့်ဟု အမည်မ​ဖော်လိုသူဆရာဝန်တစ်ဦးက သုံးသပ်​ပြောကြားသည်။

စက်တင်ဘာ ၃၀ ရက်က GAVI ၊ WHO နှင့် UNICEF တို့၏မြန်မာနိုင်ငံအတွက် ခွဲတမ်းကာကွယ်ဆေးအရေအတွက် ၆ ဒသမ ၂ သန်းခွဲဝေထားသည်ဆိုသော ပူးတွဲထုတ်ပြန်ချက်မှာလည်း တစ်ခုမှ ရောက်မလာသေးဟု စစ်ကောင်စီ၏ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အိန္ဒိယနိုင်ငံကနေရရှိထားသော ကာကွယ် ဆေးစုစုပေါင်း သုံးသန်းခွဲနှင့် တရုတ်နိုင်ငံကဝယ်ယူထား လှူဒါန်းထားသော ကာကွယ်ဆေး ၂၃ သန်းကျော်ရှိ​ပြီး ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၁၄ သန်းထပ်ရမည်ဟု စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၂၇ ရက်မှ အောက်တိုဘာ ၄ရက်အထိ လူဦးရေ ၈ ဒသမ ၆၈သန်းကို ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ယင်းအနက် နှစ်ကြိမ်ထိုးပြီးသူ ၃ ဒသမ ၉၂ သန်းရှိကြောင်း စစ်ကောင်စီက ဆို သည်။

ကုလ၏ အစီအစဥ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့ (GAVI) အဖွဲ့ဝင်အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်၍ ၂၀၂၀နှစ်ကုန်ပိုင်းတွင်ပါဝင်ခဲ့ပြီး ကာကွယ်ဆေး အလျင်အမြန်ရရှိရေး ဆောင်ရွက်ခဲ့သည်။

သို့သော် NLD အစိုးရလက်ထက်ဝယ်ယူခဲ့သော အိန္ဒိယနိုင်ငံထုတ် Covidshield ကာကွယ်ဆေး သန်း၃၀မှာလည်း စစ်တပ်က အာဏာသိမ်းသည့်ဖြစ်စဥ်​ကြောင့် သုံးသန်းခွဲသာ ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။