Connect with us

Hi, what are you looking for?

News

ကန်လွှတ်တော်က Burma Act အတည်ပြုနိုင်ရေး အွန်လိုင်းလှုပ်ရှားမှုမှာပါဝင်ဖို့ နိုင်ငံတကာရောက်မြန်မာတွေကို ဒေါက်တာဆာဆာတောင်းဆို

စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ အဆုံး သတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည် ဆောက်ရေးစတဲ့ ရည်မှန်းချက်ပန်းတိုင် ပြည့်စုံဖို့ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှု လိုအပ်တယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

အမေရိကန်လွှတ်တော်က မြန်မာနိုင်ငံဆိုင်ရာဥပဒေ ကြမ်း Burma Actကို အတည်ပြုနိုင်ရေး Grassroots movement for Burma ကမ်ပိန်းမှာ နိုင်ငံတကာရောက်မြန်မာတွေ ပါဝင်ထောက်ခံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက တောင်းဆိုထားပါတယ်။

အဲဒီ Grassroots movement for Burma ဆိုတဲ့ ကမ်ပိန်းမှာ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းပြီး မြန်မာနိုင်ငံအခြေအနေကို အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ကိုယ်စားလှယ်တွေ ပိုမိုအာရုံစိုက်လာစေဖို့ လုပ် ဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ အဆုံး သတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည် ဆောက်ရေးစတဲ့ ရည်မှန်းချက်ပန်းတိုင် ပြည့်စုံဖို့ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှု လိုအပ်တယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

မြန်မာပြည်သူတွေအပေါ် အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ ရက်စက်သော စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ဖို့၊ မြန်မာပြည်သူများအမြန်ဆုံးလွတ်မြောက်နိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အသစ်ကိုတည်ဆောက်ရေးတို့ကို ရရှိနိုင်ဖို့ ပြည်သူအားလုံး တတ်စွမ်းသမျှ အတူတကွလုပ်ဆောင်ကြရမယ်လို့လည်းသူက တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။