Connect with us

Hi, what are you looking for?

News

လက်နက်ကိုင်အဖွဲ့တစ်ခုတိုက်ခိုက်လို့ လှိုင်းဘွဲ့မှာ BGF ၄ ဦး သေဆုံး

“လာပစ်တဲ့အချိန်က ည ၁၁ နာရီပေါ့။ သေတဲ့လူတွေက နောင်မြလွဲကလူတွေပဲ လေးယောက်။ BGF စစ်သားတွေပေါ့။ စစ်သားမိန်းမ တစ်ဦးပါသွားတယ်။ မိသားစုဝင်တွေပေါ။ အကုန်လာသတ်သွားတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူ။ အခု BGF တွေ လာစစ်ဆေးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ နောင်မြလွဲနဲ့ ကော့အိမ်ဆိုင်ကျေးရွာကြားက နယ်ခြားစောင့်တပ် (BGF)စခန်းတစ်ခုကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မနေ့ညပိုင်းက လာရောက်တိုက်ခိုက်ခဲ့ပြီး BGF ၄ ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၇ ရက်ည ၁၁ နာရီအချိန်က ပိုင်ကျုံမြို့နယ် နောင်မြလွဲကျေးရွာအနီးမှာရှိတဲ့ အမှတ် (၁၀၁၉) BGF တပ်စခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီး BGF ဘက်က အိမ်ထောင်သည်လင်မယား နှစ်ဦးအပြင် လေးဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လာပစ်တဲ့အချိန်က ည ၁၁ နာရီပေါ့။ သေတဲ့လူတွေက နောင်မြလွဲကလူတွေပဲ လေးယောက်။ BGF စစ်သားတွေပေါ့။ စစ်သားမိန်းမ တစ်ဦးပါသွားတယ်။ မိသားစုဝင်တွေပေါ။ အကုန်လာသတ်သွားတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူ။ အခု BGF တွေ လာစစ်ဆေးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက်မှာတော့ နောင်မြလွဲနဲ့ ကော့အိမ်ဆိုင်ကျေးရွာထဲကို နယ်ခြားစောင့်တပ် (BGF)ဘက်က ကား ၉ စီးနဲ့ ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်နေလို့ ဒေသခံရွာသားတွေ စိုးရိမ်ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ BGF စခန်းဟာ နောင်မြလွဲကျေးရွာမှာ အခြေစိုက်ထားတာ သိပ်မကြာသေးပဲ အခုနောက်ပိုင်းမှာမှ ထပ်တိုးချဲ့တည်ဆောက်ထားတာဖြစ်ပြီး BGF ၁၀၁၉ လက်အောက်ခံ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။