Connect with us

Hi, what are you looking for?

News

လက်နက်ကိုင်အဖွဲ့တစ်ခုတိုက်ခိုက်လို့ လှိုင်းဘွဲ့မှာ BGF ၄ ဦး သေဆုံး

“လာပစ်တဲ့အချိန်က ည ၁၁ နာရီပေါ့။ သေတဲ့လူတွေက နောင်မြလွဲကလူတွေပဲ လေးယောက်။ BGF စစ်သားတွေပေါ့။ စစ်သားမိန်းမ တစ်ဦးပါသွားတယ်။ မိသားစုဝင်တွေပေါ။ အကုန်လာသတ်သွားတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူ။ အခု BGF တွေ လာစစ်ဆေးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ နောင်မြလွဲနဲ့ ကော့အိမ်ဆိုင်ကျေးရွာကြားက နယ်ခြားစောင့်တပ် (BGF)စခန်းတစ်ခုကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မနေ့ညပိုင်းက လာရောက်တိုက်ခိုက်ခဲ့ပြီး BGF ၄ ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၇ ရက်ည ၁၁ နာရီအချိန်က ပိုင်ကျုံမြို့နယ် နောင်မြလွဲကျေးရွာအနီးမှာရှိတဲ့ အမှတ် (၁၀၁၉) BGF တပ်စခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီး BGF ဘက်က အိမ်ထောင်သည်လင်မယား နှစ်ဦးအပြင် လေးဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လာပစ်တဲ့အချိန်က ည ၁၁ နာရီပေါ့။ သေတဲ့လူတွေက နောင်မြလွဲကလူတွေပဲ လေးယောက်။ BGF စစ်သားတွေပေါ့။ စစ်သားမိန်းမ တစ်ဦးပါသွားတယ်။ မိသားစုဝင်တွေပေါ။ အကုန်လာသတ်သွားတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူ။ အခု BGF တွေ လာစစ်ဆေးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက်မှာတော့ နောင်မြလွဲနဲ့ ကော့အိမ်ဆိုင်ကျေးရွာထဲကို နယ်ခြားစောင့်တပ် (BGF)ဘက်က ကား ၉ စီးနဲ့ ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်နေလို့ ဒေသခံရွာသားတွေ စိုးရိမ်ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ BGF စခန်းဟာ နောင်မြလွဲကျေးရွာမှာ အခြေစိုက်ထားတာ သိပ်မကြာသေးပဲ အခုနောက်ပိုင်းမှာမှ ထပ်တိုးချဲ့တည်ဆောက်ထားတာဖြစ်ပြီး BGF ၁၀၁၉ လက်အောက်ခံ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ တစ်ရက် သုံးခေါက်နှုန်း လာခေါ်မှာဖြစ်ပြီး လာမယ့်ရက်အတွင်း အဲဒီအစီအစဉ်စတင်မယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

သတင်း

ကျားဖြန့် /လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီးနောက် ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ် က တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်တွေကို ကရင့်နယ်ခြားစောင့်(BGF) က ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ BGF နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကျားဖြန့် လူမှောင်ခိုလုပ်ငန်း ပပျောက်ဖို့ နှိမ်နင်းရေးဆိုပြီး စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲ နဲ့ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်​ကောင်စီလက်​အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင်သုံးဦးအား ထိုင်းအစိုးရက လူကုန်ကူးမှုဖြင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ရန်ကြိုးပမ်းမှုမှာ တဖက်သက်စွပ်စွဲမှုသာဖြစ်ကြောင်း ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။