Connect with us

Hi, what are you looking for?

News

အာဏာသိမ်းတာကို လက်မခံတဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို စစ်ကောင်စီ ထောင် ၂ နှစ်ချ

စစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာ ဖမ်းဆီးထားတဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဦးညီပုလည်းပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ ထောင်ချ ခံရသူ NLD ဝန်ကြီးချုပ် ၃ ဦးထိရှိလာ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို နိုင်ငံ ဆူပူအောင်လှုံဆော်တယ်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့တရားစွဲပြီး ဒီနေ့ မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၈ ရက် မနက်ပိုင်းက စစ်တွေအကျဉ်းထောင် အထူးတရားရုံးကနေ အမိန့်ချလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာ ဖမ်းဆီးထားတဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဦးညီပုလည်းပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုလွတ်လာတဲ့ အခါ လူမှုကွန်ရက်ကနေ ပြည်သူတွေ ပန်ကြားတဲ့စကားပြောရာမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ထွန်းကားရမှာဖြစ်ကြောင်းနဲ့ တိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေနဲ့အတူ ရှိနေကြောင်း ထည့်ပြောခဲ့တာပါ။

အဲဒီနောက်စစ်တပ်နဲ့ ရဲက လာရောက် ဖမ်ဆီးသွားပြီး ဆူပူအောင်လှုံဆော်တယ်ဆိုကာပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီက တရားစွဲဆိုတာဖြစ်ပါတယ်။

ဒါအပြင် နှစ်ရှည်ထောင်ချ လို့ရမယ့် အဂတိပုဒ်မ ၃ မှုနဲ့လည်း ထပ်မံတရားစွဲထားတာရှိပါတယ်။

လက်ရှိအချိန်ထိစစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ချ ခဲ့တဲ့ NLD ဝန်ကြီးချုပ်ဟာ ၃ ဦးထိရှိလာပြီး အဲဒီသူတွေကတော့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။