Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့တွင် စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးအဖွဲ့သုံးဖွဲ့ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်

ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရပြီး ထိခိုက်မှုအခြေ အနေ မသိရသေးကြောင်း ပခုက္ကူဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်း ပခုက္ကူမြို့တွင် ယမန်နေ့ညနေက အကြမ်း ဖက်စစ်ကောင်စီ၏ ရာထူးကြီးပိုင်းပါဝင်သောခရီးစဥ်ယာဥ်တန်းဟုယူဆရသော စစ်ကောင်စီယာဥ်တန်းအား နယ်ခံ PDFများပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြသည်။

အောက်တိုဘာ ၇ ရက် ညနေ ၅နာရီခွဲခန့်က ပခုက္ကူမြို့ရှောင်လမ်းသို့ ဝင်ရောက်လာသော လူကြီးခရီးစဥ်ဟု ယူဆရသည့် စစ်ကောင်စီတပ် ယာဥ်၈စီးပါယဥ်တန်းအား ဒေသခံ PPDF ၏အကူအညီဖြင့် B.G.F-Myingyan နှင့် Seven PDF တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရပြီး ထိခိုက်မှုအခြေ အနေ မသိရသေးကြောင်း ပခုက္ကူဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ အဖွဲ့ သုံးဖွဲ့ ပူးပေါင်းကာ ပခုက္ကူ၊ မြင်းခြံ နယ်တစ်ဝိုက်ရှိ အာဏာလု စစ်ကောင်စီ နှင့် လက်ဝေခံအဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်များအား ဆက်လက်၍လည်း ရှင်းလင်းတိုက်ခိုက်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့များက သတိပေး ကြေညာသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၈ ရက် ညနေကလည်း ပခုက္ကူမြို့ အမှတ် ၁၀ ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနှင့် အာဇာနည်လမ်းဆုံအနီးတွင် ကင်းလှည့်နေသည့် ရဲကားတစ်စီးကို ဆိုင်ကယ်တစ်စီးက လက်ပစ်ဗုံးနှင့်လှမ်းပစ်ခဲ့၍ ကားပေါ်ရှိ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။