Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်လာတဲ့ ဂျာနယ်လစ်နှစ်ဦး

အခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဂျာနယ်လစ် နှစ်ဦးက ပူးတွဲ ရရှိသွားခဲ့ပါတယ်။

မာရီယာ ရက်ဆာနဲ့ ဒီမစ်ထရီ မူရာတော့ဗ်တို့ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ တန်ဖိုးကို သတ္တိရှိရှိ ကာကွယ် ရပ်တည်ပြခဲ့သူတွေ ဖြစ်တယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီက ညွှန်းဆိုခဲ့ပါတယ်။ ပြီးတော့ ရက်ဆာနဲ့ မူရာတော့ဗ်တို့ဟာ ခံယူချက်ကို မမှိတ်မသုန် ထိန်းသိမ်းထားတဲ့ သတင်းသမားတိုင်း စံထားရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့လည်း ဆုရွေးချယ်ရေး ကော်မတီက ချီးကျူးခဲ့ပါတယ်။

ရက်ဆာက ဖိလစ်ပိုင် နိုင်ငံသူဖြစ်ပြီး မာရာတော့ဗ်ကတော့ ရုရှားနိုင်ငံသား တစ်ဦးပါ။ နော်ဝေးနိုင်ငံ၊ အော်စလို မြို့တော်မှာ အခြေစိုက်တဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီဟာ အဆိုပြုထားသူ ၃၂၉ ဦး စာရင်းထဲကမှ သူတို့နှစ်ဦးကို ပူးတွဲ ရွေးချယ်တာပါ။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ဟာ ဒေါ်လာ ၁.၁ သန်းလောက်နဲ့ ညီမျှတဲ့ ဆွီဒင် နိုင်ငံသုံး ခရိုနာငွေသား ၁၀ သန်းကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

ရက်ဆာဟာ Rapplerဆိုတဲ့ အွန်လိုင်းသတင်း ဝက်ဘ်ဆိုက်ကို ထူထောင်ခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်မှာ အာဏာ အလွဲသုံးစားမှုတွေ၊ လုပ်ပိုင်ခွင့် ဘောင်ထဲကနေ အကြမ်းပတမ်း ပြုမှုတွေ ထူထပ်လာတာကို ထဲထဲဝင်ဝင် စုံစမ်း ဖော်ထုတ်ခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ရက်ဆာဟာ ဖိလစ်ပိုင်မှာ ပထမဆုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်လာပြီး အရင်က CNN သတင်းဌာနမှာလည်း စုံစမ်းစစ်ဆေးရေးဆိုင်ရာ သတင်းထောက်ချုပ်အဖြစ် ဆယ်စုနှစ် နှစ်ခုနီးပါး အလုပ်လုပ်ခဲ့ဖူးပါတယ်။

မူရာတော့ဗ်ကတော့ အမှီအခိုကင်းတဲ့ Novaja Gazetaဆိုတဲ့ သတင်းစာကို ပူးတွဲ ထူထောင်ခဲ့ပြီး အယ်ဒီတာချုပ် အနေနဲ့ ၂၄ နှစ်တာ တာဝန်ယူခဲ့ပါတယ်။ သူဟာ ရုရှားမှာ ဖိအားတွေ အရမ်း ပြင်းထန်နေတဲ့ အခြေအနေမှာတောင် လွတ်လပ်စွာ ဖော်ထုတ် ရေးသားခွင့်ကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ဆိုပါတယ်။ အသက် ၅၉ နှစ် ရှိပြီဖြစ်တဲ့ မူရာတော့ဗ်ဟာ အရင်ကလည်း သတင်းပညာရပ်ဆိုင်ရာ နိုင်ငံတကာ ဆုတံဆိပ်တွေ တော်တော်များများ ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွတ်လပ်တဲ့၊ အမှီအခိုကင်းတဲ့၊ အချက်အလက် မှန်ကန်တဲ့ သတင်း အတတ်ပညာဟာ အာဏာ အလွဲသုံးစားမှုတွေ၊ မုသားတွေ၊ စစ်ပွဲတွေကြားက ဝါဒဖြန့်မှုတွေကို ဟန့်တား ရပ်တည်ပေးနိုင်တယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုဟာ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေအတွက် အနစ်နာခံပြီး ကောင်းကျိုးဖော်ဆောင်ပေးတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒီဆုဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအရ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ မနှစ်က နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုတော့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP)က ရရှိခဲ့ပါတယ်။ လက်ရှိမှာ အာဏာသိမ်း မြန်မာစစ်တပ်က ဖမ်းဆီး ချုပ်နှောင်ထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။