မန္တလေးမြို့ပေါ်မှာ ညပိုင်းအချိန်က အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ဒီမနက်မှာတော့ ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုတွေရှိနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ မဟာအောင်မြေမြို့နယ် ၆၂လမ်း ၃၈လမ်းနေရာမှာလည်း ပုံမှန်အခြေအနေကိုတွေ့ရပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်တာမျိုး မတွေ့ရပါဘူး။
စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေနဲ့ ရဲစခန်းရှေ့နေရာတွေမှာ လုံခြုံရေးတွေ ချထားပါတယ်။

Public Service Announcement
မနေ့ညကတော့ မန္တလေးမြို့ပေါ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးရဲတစ်ဦးသေဆုံးကာ ဒဏ်ရာရှိတဲ့သူရှိခဲ့ပါတယ်။
အမှတ် ၁၄ ယာဉ်ထိန်းရဲရုံးအနီးမှာလည်းဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။


















































