Connect with us

Hi, what are you looking for?

News

ရန်ကုန် မြို့နယ်လေးခု၌ ဗုံးများပေါက်ကွဲ

“ဗုံးပေါက်သံ နှစ်ခုထွက်ပြီး သိပ်မကြာခင်မှာ သေနတ်သံ သုံးလေးချက် ဆက်ကြားရတယ်”ဟု ၎င်းက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ရှိ ဗဟန်း၊ကမာရွတ်၊လှိုင် နှင့် မြောက်ဒဂုံမြို့နယ်တို့၌ ယနေ့ညဦးပိုင်းတွင် ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဗဟန်းမြို့နယ်၌ ယနေ့ည ၇ နာရီ ၃၀ နှင့် ၇ နာရီ ၄၅ မိနစ် အကြား ပေါက်ကွဲမှု နှစ်ကြိမ်မှာ ဦးထောင်ဘို အဝိုင်းနားမှဖြစ်ကြောင်း ဗဟန်းမြို့နေသူတစ်ဦးက ဆိုသည်။

“ဗုံးပေါက်သံ နှစ်ခုထွက်ပြီး သိပ်မကြာခင်မှာ သေနတ်သံ သုံးလေးချက် ဆက်ကြားရတယ်”ဟု ၎င်းက ပြောသည်။

ကမာရွတ်မြို့နယ်၌ ပေါက်ကွဲမှုမှာ ပြည်လမ်းနှင့် တက္က သိုလ်ရိပ်သာ လမ်းဆုံမီးပွိုင့်အနီးဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ လှိုင်မြို့နယ် ယနေ့ည၇နာရီခွဲခန့်ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်ခဲ့ပြီး ည ၈နာရီတွင်လည်း နောက်တစ်ကြိမ် ဗုံးပေါက်ကွဲသံထွက်ပေါ်ခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရွာမကွေ့မှအင်းစိန်လမ်းမဘက်အသွားက်ိုပိတ်ကာ စစ်ကောင်စီတပ်သားအများအ ပြားရှိနေသည်ဟု လှိုင်မြို့နယ်နေသူများက ပြောသည်။

မြောက်ဒဂုံမြို့နယ်တွင်မှု ည ၈ခန့်က ပေါက်ကွဲသံအချို့ထွက်ပေါ်ခဲ့သော်လည်း မည်သည့်နေရာတွင် ဖြစ်ပွားခဲ့ကြောင်းကိုမူ People’s Springက အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မြို့ပြပြောက်ကျား တိုက်ပွဲများစတင်နေပြီဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ လုံးဝ(လုံးဝ) အပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ထို့အပြင် လမ်းဘက်တွင်တည်ရှိနေသော CCTV များကိုလည်း ဖြုတ်ပေးထားကြရန် နှင့် မြို့ပြများ တိုက်ခိုက်နေချိန်လုံးဝ (လုံးဝ)သတင်းမဖြန့်ကြရန်လည်း တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။