ကိုဗစ်တတိယလှိုင်းကို ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့အတူ ကျော်ဖြတ်လာပြီးတဲ့နောက် အပြင်မှာ သွားလာစားသောက် ပုံမှန်နီးပါးပြန်ဖြစ်လာပေမယ့် ကိုဗစ်ကူးစက်မှုရော သေဆုံးမှုကရာ ရှိနေဆဲဖြစ်ပါတယ်။
ကိုဗစ်ကြောင့်သေဆုံးမှုက နေ့စဥ် ၃၀ ကျော်ရှိနေသေးပြီး ကူးစက်မှုကလည်း နေ့စဥ် တစ်ထောင်ကျော် ထိရှိနေဆဲဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်းအဆိုးဆုံးအခြေအနေကြုံရချိန်က စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ တစ်နေ့ကို သေဆုံးသူ အမြင့်ဆုံး ၃၉၇ ဦး ထိရှိခဲ့ပြီး အဲဒီအရေအတွက်ကဆေးရုံတွေဆီမရောက်ဘဲ နေအိမ်တွေမှာသေဆုံးကြရသူမပါဝင်ပါဘူး။
လတ်တလောမှာ ပွင့်လင်းရာသီ ခရီးသွားကာလဖြစ်တာကြောင့် ပြည်တွင်းမှာ ခရီးသွားလာမှုများနေချိန်ဖြစ်လို့ အပြင်ထွက်တိုင်း Mask တပ်၊ လက်ဆေး၊ လူစုလူဝေးရှောင်ပြီး အလှည့်ကျအခွင့်သာရင် ကာကွယ်ဆေးထိုးကြရမှာပဲဖြစ်ပါတယ်။

Public Service Announcement


















































