Connect with us

Hi, what are you looking for?

News

ပြင်သစ်ကို နမူနာယူပြီး ကမ္ဘာ့နိုင်ငံတွေ NUGကို အသိ အမှတ်ပြုဖို့ ဒေါက်တာဆာဆာ တိုက်တွန်း

“တရားမဝင် လူသတ်ကောင် စစ်အာဏာရှင်များအား ဆက်ဆံရန် သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ပေးကြပါ။ ၎င်းတို့မှာ စစ်ရာဇဝတ်ကောင်များသာ ဖြစ်ပြီး မြန်မာပြည်သူ;ပြည်သားများ၏ ဆန္ဒ သို့မဟုတ် အကျိုးစီးပွားကို ကိုယ်စားပြုမည့်သူများ မဟုတ်ကြပါ” လို့ ဒေါက်တာ ဆာဆာက ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ လွတ်လပ်သော ဒီမိုကရက်တစ်နိုင်ငံများအားလုံးဟာ ပြင်သစ်ကို နမူနာယူပြီး ဒီမိုကရေစီဆိုတဲ့အမည်ကို ထောက်ရှုကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြုရန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ပြင်သစ်အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုကြောင်းဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်ကြိုဆိုတယ်လို့ ဒေါက်တာဆာဆာက ထုတ်ပြန်ခဲ့ပြီး ပြင်သစ် အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းအာဏာရှင်စနစ်ကို လက်ရှိ အချိန်သာမက ကာလမရွေး ထိုးနှက်လိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“တရားမဝင် လူသတ်ကောင် စစ်အာဏာရှင်များအား ဆက်ဆံရန် သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ပေးကြပါ။ ၎င်းတို့မှာ စစ်ရာဇဝတ်ကောင်များသာ ဖြစ်ပြီး မြန်မာပြည်သူ;ပြည်သားများ၏ ဆန္ဒ သို့မဟုတ် အကျိုးစီးပွားကို ကိုယ်စားပြုမည့်သူများ မဟုတ်ကြပါ” လို့ ဒေါက်တာ ဆာဆာက ဆိုပါတယ်။

အာဏာရှင်စနစ်ကို တိုက်ထုတ်ရမည်မှာ ကမ္ဘာလုံးဆိုင်ရာ တာဝန်ဝတ္တရားတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာရှင်များကို တိုက်ထုတ်ဖို့ အတူတကွ စုစည်းကြမည်ဆိုပါက စစ်ပွဲဟာလည်း အဲဒီနေ့မှာပဲ ရပ်တန့်သွားပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အား ငြင်းပယ်ခြင်း၊ ခရိုနီများကို ငြင်းပယ်ခြင်း၊ ရုပ်သေးရုပ်နိုင်ငံရေးသမားများကို ငြင်းပယ်ခြင်းအားဖြင့် ပြည်သစ်ပြည်သူပြည်သား များမှ အာဏာကို သက်ဆိုင်သူများဖြစ်သော ပြည်သူ့ထံကိုပြန်လည်ပေးအပ်ရန် အားကောင်းသော သတင်းစကားတစ်ခုကို ပေးပို့လိုက်ခြင်းပင်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်တပ်ကို နိုင်ငံရေးအရ ငြင်းပယ်ခြင်းသာမက စီးပွားရေးအရပါ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တောင်းဆိုလိုပြီး လက်ရှိ စီးပွားရေးပိတ်ဆို့မှုတွေနဲ့မလုံလောက်ဘူး ဒေါက်တာ ဆာဆာက ပြောပါတယ်။

ကမ္ဘာတဝှမ်းက အစိုးရတွေဟာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူများ၊ အေဂျင်စီများ သို့မဟုတ် ကုမ္ပဏီများဖြင့် ငွေကြေးအရ ဆက်နွယ်မှုတွေကို ဖြတ်တောက်ပစ်ဖို့ ဆုံးဖြတ်ရမယ်လို့ သူက တိုက်တွန်းပါတယ်။

ပြင်သစ်နိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ နာကျင်မှုတွေကို သတိမမူကျော်လွန်သွားခြင်းမရှိဘဲ အခုလို အသိအမှတ်ပြုမှုနဲ့ အတည်ပြုရပ်တည်ပေးခြင်းတို့ဟာ မြန်မာပြည်သူတွေအတွက် မရေမတွက်နိုင်တဲ့ အင်အားတွေ၊ အရေးပါမှုတွေကို သယ်ဆောင်လာပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။

ပြင်သစ်အထက်လွှတ်တော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်၊ မြန်မာပြည်သူပြည်သူတွေအပေါ်နဲ့ ကမ္ဘာသိဒီမိုကရေစီလှုပ်ရှားမှုကြီးအပေါ် ယုံကြည်ထောက်ခံမှု မဲတစ်ပြားကို ထည့်ဝင်လိုက်ခြင်းပင်ဖြစ်ပြီး အမျိုးသားလွှတ်တော်အနေနဲ့လည်း အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ဆုတောင်းတယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။