Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြင်သစ်ကို နမူနာယူပြီး ကမ္ဘာ့နိုင်ငံတွေ NUGကို အသိ အမှတ်ပြုဖို့ ဒေါက်တာဆာဆာ တိုက်တွန်း

“တရားမဝင် လူသတ်ကောင် စစ်အာဏာရှင်များအား ဆက်ဆံရန် သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ပေးကြပါ။ ၎င်းတို့မှာ စစ်ရာဇဝတ်ကောင်များသာ ဖြစ်ပြီး မြန်မာပြည်သူ;ပြည်သားများ၏ ဆန္ဒ သို့မဟုတ် အကျိုးစီးပွားကို ကိုယ်စားပြုမည့်သူများ မဟုတ်ကြပါ” လို့ ဒေါက်တာ ဆာဆာက ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ လွတ်လပ်သော ဒီမိုကရက်တစ်နိုင်ငံများအားလုံးဟာ ပြင်သစ်ကို နမူနာယူပြီး ဒီမိုကရေစီဆိုတဲ့အမည်ကို ထောက်ရှုကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြုရန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ပြင်သစ်အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုကြောင်းဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်ကြိုဆိုတယ်လို့ ဒေါက်တာဆာဆာက ထုတ်ပြန်ခဲ့ပြီး ပြင်သစ် အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းအာဏာရှင်စနစ်ကို လက်ရှိ အချိန်သာမက ကာလမရွေး ထိုးနှက်လိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“တရားမဝင် လူသတ်ကောင် စစ်အာဏာရှင်များအား ဆက်ဆံရန် သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ပေးကြပါ။ ၎င်းတို့မှာ စစ်ရာဇဝတ်ကောင်များသာ ဖြစ်ပြီး မြန်မာပြည်သူ;ပြည်သားများ၏ ဆန္ဒ သို့မဟုတ် အကျိုးစီးပွားကို ကိုယ်စားပြုမည့်သူများ မဟုတ်ကြပါ” လို့ ဒေါက်တာ ဆာဆာက ဆိုပါတယ်။

အာဏာရှင်စနစ်ကို တိုက်ထုတ်ရမည်မှာ ကမ္ဘာလုံးဆိုင်ရာ တာဝန်ဝတ္တရားတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာရှင်များကို တိုက်ထုတ်ဖို့ အတူတကွ စုစည်းကြမည်ဆိုပါက စစ်ပွဲဟာလည်း အဲဒီနေ့မှာပဲ ရပ်တန့်သွားပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အား ငြင်းပယ်ခြင်း၊ ခရိုနီများကို ငြင်းပယ်ခြင်း၊ ရုပ်သေးရုပ်နိုင်ငံရေးသမားများကို ငြင်းပယ်ခြင်းအားဖြင့် ပြည်သစ်ပြည်သူပြည်သား များမှ အာဏာကို သက်ဆိုင်သူများဖြစ်သော ပြည်သူ့ထံကိုပြန်လည်ပေးအပ်ရန် အားကောင်းသော သတင်းစကားတစ်ခုကို ပေးပို့လိုက်ခြင်းပင်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်တပ်ကို နိုင်ငံရေးအရ ငြင်းပယ်ခြင်းသာမက စီးပွားရေးအရပါ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တောင်းဆိုလိုပြီး လက်ရှိ စီးပွားရေးပိတ်ဆို့မှုတွေနဲ့မလုံလောက်ဘူး ဒေါက်တာ ဆာဆာက ပြောပါတယ်။

ကမ္ဘာတဝှမ်းက အစိုးရတွေဟာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူများ၊ အေဂျင်စီများ သို့မဟုတ် ကုမ္ပဏီများဖြင့် ငွေကြေးအရ ဆက်နွယ်မှုတွေကို ဖြတ်တောက်ပစ်ဖို့ ဆုံးဖြတ်ရမယ်လို့ သူက တိုက်တွန်းပါတယ်။

ပြင်သစ်နိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ နာကျင်မှုတွေကို သတိမမူကျော်လွန်သွားခြင်းမရှိဘဲ အခုလို အသိအမှတ်ပြုမှုနဲ့ အတည်ပြုရပ်တည်ပေးခြင်းတို့ဟာ မြန်မာပြည်သူတွေအတွက် မရေမတွက်နိုင်တဲ့ အင်အားတွေ၊ အရေးပါမှုတွေကို သယ်ဆောင်လာပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။

ပြင်သစ်အထက်လွှတ်တော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်၊ မြန်မာပြည်သူပြည်သူတွေအပေါ်နဲ့ ကမ္ဘာသိဒီမိုကရေစီလှုပ်ရှားမှုကြီးအပေါ် ယုံကြည်ထောက်ခံမှု မဲတစ်ပြားကို ထည့်ဝင်လိုက်ခြင်းပင်ဖြစ်ပြီး အမျိုးသားလွှတ်တော်အနေနဲ့လည်း အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ဆုတောင်းတယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။