Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှုကြောင့် ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီ ဒီနှစ်ကုန် မြန်မာနိုင်ငံကနေ ထွက်ခွာမယ်

“ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေလိုပါပဲ တစ်ကမ္ဘာလုံးက ကျွန်ုပ်တို့ရဲ့လည်ပတ်မှုတွေကို စဉ်ဆက် မပြတ် ဆန်းစစ်နေပါတယ်” လို့ ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီက ဆိုပါတယ်။

ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီဟာ စစ်အုပ်ချုပ်ရေးမြန်မာနိုင်ငံမှာ သူ့ရဲ့လုပ်ငန်းလည် ပတ်မှုအားလုံးကို ရပ်တန့်တော့မှာဖြစ်ပြီး ဒီနှစ်ကုန်မှာ ပြန်လည်ထွက်ခွာမယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီရဲ့လည်ပတ်မှုနဲ့ပတ်သက်လို့ Reuters ရဲ့ မေးမြန်းမှုကို တုံ့ပြန်ရာမှာ ကုမ္ပဏီအနေနဲ့ သူ့ရဲ့မြန်မာ့စီးပွားရေး ရေရှည်အလား အလာကို ဆန်းစစ်ပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

“ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေလိုပါပဲ တစ်ကမ္ဘာလုံးက ကျွန်ုပ်တို့ရဲ့လည်ပတ်မှုတွေကို စဉ်ဆက် မပြတ် ဆန်းစစ်နေပါတယ်” လို့ ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီက ဆိုပါတယ်။

ဆက်လက်ပြီး “ မြန်မာနိုင်ငံမှာ ကျွန်ုပ်တို့စီးပွားရေးရဲ့ ရေရှည်လည်ပတ်ရေးနဲ့ စီးပွားရေးအလား အလားကို ချိန်တွက်လိုက်တဲ့အခါ နိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့နဲ့ လုပ်ငန်းလည်ပတ်မှုအားလုံး ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီမတိုင်ခင်က နော်ဝေးအခြေစိုက် တယ်လီနော်ဆက်သွယ် ရေးကုမ္ပဏီဟာလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူရဲ့လုပ်ငန်းအားလုံးကို လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချခဲ့ပြီး လက်ရှိမှာ အပြီးသတ်ရောင်းချမှုလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေ ပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံကုမ္ပဏီတွေအပါအဝင် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုကုမ္ပဏီအချို့က လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပြန်လည်ထွက်ခွာ ခြင်းများ ရှိလာနေပြီး ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အ လမ်းနဲ့ အလုပ်လက်မဲ့အရေအတွက် သိသာစွာမြင့်တက်လာနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။