Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းမှုကြောင့် ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီ ဒီနှစ်ကုန် မြန်မာနိုင်ငံကနေ ထွက်ခွာမယ်

“ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေလိုပါပဲ တစ်ကမ္ဘာလုံးက ကျွန်ုပ်တို့ရဲ့လည်ပတ်မှုတွေကို စဉ်ဆက် မပြတ် ဆန်းစစ်နေပါတယ်” လို့ ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီက ဆိုပါတယ်။

ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီဟာ စစ်အုပ်ချုပ်ရေးမြန်မာနိုင်ငံမှာ သူ့ရဲ့လုပ်ငန်းလည် ပတ်မှုအားလုံးကို ရပ်တန့်တော့မှာဖြစ်ပြီး ဒီနှစ်ကုန်မှာ ပြန်လည်ထွက်ခွာမယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီရဲ့လည်ပတ်မှုနဲ့ပတ်သက်လို့ Reuters ရဲ့ မေးမြန်းမှုကို တုံ့ပြန်ရာမှာ ကုမ္ပဏီအနေနဲ့ သူ့ရဲ့မြန်မာ့စီးပွားရေး ရေရှည်အလား အလာကို ဆန်းစစ်ပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

“ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေလိုပါပဲ တစ်ကမ္ဘာလုံးက ကျွန်ုပ်တို့ရဲ့လည်ပတ်မှုတွေကို စဉ်ဆက် မပြတ် ဆန်းစစ်နေပါတယ်” လို့ ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီက ဆိုပါတယ်။

ဆက်လက်ပြီး “ မြန်မာနိုင်ငံမှာ ကျွန်ုပ်တို့စီးပွားရေးရဲ့ ရေရှည်လည်ပတ်ရေးနဲ့ စီးပွားရေးအလား အလားကို ချိန်တွက်လိုက်တဲ့အခါ နိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့နဲ့ လုပ်ငန်းလည်ပတ်မှုအားလုံး ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိသျှအမေရိကန်ဆေးရွက်ကြီးကုမ္ပဏီမတိုင်ခင်က နော်ဝေးအခြေစိုက် တယ်လီနော်ဆက်သွယ် ရေးကုမ္ပဏီဟာလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူရဲ့လုပ်ငန်းအားလုံးကို လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချခဲ့ပြီး လက်ရှိမှာ အပြီးသတ်ရောင်းချမှုလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေ ပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံကုမ္ပဏီတွေအပါအဝင် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုကုမ္ပဏီအချို့က လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပြန်လည်ထွက်ခွာ ခြင်းများ ရှိလာနေပြီး ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အ လမ်းနဲ့ အလုပ်လက်မဲ့အရေအတွက် သိသာစွာမြင့်တက်လာနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။