Connect with us

Hi, what are you looking for?

News

ရန်ကုန်ရှိ တပ်မ(၇၇)လက်​အောက်ခံတပ်များ မနက်ဖြန်ရုပ်သိမ်းပြီး စစ်ကိုင်းပို့မည်

“တပ်မ (၇၇) ရဲ့ ဌာနချုပ်ဖြစ်တဲ့ ပဲခူးကို မနက် (အောက် တိုဘာ ၁၆)မှာ ပြန်မယ်။ပုံမှန်ဆို နောက်တန်းပြန်ရောက်ရင် ၁၀ ရက်နားပြီး စစ်ဆင်ရေးနယ်မြေကို ပြန်ထွက်ရတယ်။ဒါပေမယ့် ဒီလမကုန်ခင် စစ်ကိုင်းကို ထပ်ထွက်ရဖို့များတယ်”ဟု စစ်တပ်မိသားစုဝင်တစ်ဦးက ပြော သည်။

ရန်ကုန်မြို့ရှိ တပ်မ(၇၇) လက်အောက်ခံတပ်ရင်းများ မနက်ဖြန်( အောက်တိုဘာ ၁၆ရက်)တွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ရုပ်သိမ်းမည့် တပ်မ (၇၇)တပ်ရင်းများကို စစ်ကိုင်းတိုင်းသို့ အဓိကပို့ဆောင်မည်ဖြစ်ကာ ယခုလမကုန်မီ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ပိုမိုတိုးချဲ့ရန် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“တပ်မ (၇၇) ရဲ့ ဌာနချုပ်ဖြစ်တဲ့ ပဲခူးကို မနက် (အောက် တိုဘာ ၁၆)မှာ ပြန်မယ်။ပုံမှန်ဆို နောက်တန်းပြန်ရောက်ရင် ၁၀ ရက်နားပြီး စစ်ဆင်ရေးနယ်မြေကို ပြန်ထွက်ရတယ်။ဒါပေမယ့် ဒီလမကုန်ခင် စစ်ကိုင်းကို ထပ်ထွက်ရဖို့များတယ်”ဟု စစ်တပ်မိသားစုဝင်တစ်ဦးက ပြော သည်။

ရန်ကုန်တိုင်းတွင် တပ်မ(၇၇)အစား လုံခြုံရေး နေရာဝင်ယူမည့် တပ်ကိုမသိရှိရသေးသော်လည်း အချို့ဒေသများတွင်မှု ရေတပ်မှ စစ်ကောင်စီတပ်သားများဖြင့်အစားထိုး နေသည်ဟု သတင်းထွက်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ အာဏာသိမ်းချိန်မှစ၍ တပ်မ(၇၇)မှာ ရန်ကုန်တိုင်းအတွင်း အပြစ်မဲ့ပြည်သူများနှင့် ​ငြိမ်းချမ်းစွာဆန္ဒပြသောလူထုကို ကျည်အစစ်များအသုံးပြု၍ ပစ်သတ်ခဲ့သည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ တပ်မ( ၇၇)နှင့် မန္တလေးမြို့ရှိ တပ်မ(၃၃)အပါအဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့် စစ်ဆင်ရေးအထူးအဖွဲ့ မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးကိုအရေးယူပိတ်ဆို့မှုများ အမေရိကန်က ပြုလုပ်ခဲ့သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက PDF များအားကောင်းရာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ဒေသများသို့ အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး ချင်းပြည်နယ်တွင် ထိုးစစ်ဆင်မှုများစတင်နေပြီဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook