Connect with us

Hi, what are you looking for?

News

မီတာခအတင်းအကြပ်ကောက်ခံသူများအား အရေးယူမည်ဟု NUGဝန်ကြီးက သတိပေးပြီးနောက် စစ်ကောင်စီတပ်က လျှပ်စစ်ရုံးများ၌ကင်းပုန်းများချထား

အကြမ်းဖက်စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူပြီးနောက် လူထုကအာဏာဖီဆန်ရေးလမ်းစဉ်အဖြစ် အခွန်အခပေးဆောင်ခြင်းများကို ငြင်းဆိုခဲ့ကြသည်။ထိုထဲတွင် လျှပ်စစ်မီတာခများ မပေးခြင်းလည်းပါဝင်သည်။

လျှပ်စစ်မီတာခအတင်းအကြပ်ကောက်ခံသူများကို စံနမူနာအနေဖြင့် အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လျှပ်စစ်ဝန်ကြီးက ပြောကြားပြီးနောက် ယနေ့ (အောက်တိုဘာ ၁၇ ရက်)တွင် ရန်ကုန်ရှိ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းအများပြားချထားကြောင်း ဒေသခံများက ပြောသည်။

“မနက်အစောကြီး စစ်ကားရော ရဲကားရောနဲ့ လျှပ်စစ်ရုံးနားရပ်ပြီး ညွှန်ကြားတာတွေလုပ်နေတယ်။ပြီးတော့ လျှပ်စစ်ရုံး အပေါ်ထပ် ဝရံတာမှာအရင် ရဲတွေချည်းပဲ တွေ့တာ။အခုစစ်သားနှစ်ယောက် ထပ်တိုးလာ တာတွေ့ရတယ်”ဟု တောင်ဥက္ကလာပ မြို့နယ်နေသူတစ်ဦးက ပြောသည်။

အလားတူ လှိုင်မြို့နယ် ဘူတာရုံမှတ်တိုင်အနီးရှိ မြို့နယ်လျှပ်စစ်ရုံး၌ ယခင်က ရုံးအဝင်အဝတွင် စစ်ကောင်စီတပ်သားနှစ်ဦးသာရှိခဲ့သော်လည်း ယခု ရုံးအပေါ်ထပ်၌ တပ်သားနောက်တစ်ဦးရှိနေကြောင်း တွေ့ရှိသူဒေသခံတစ်ဦးက ဆိုသည်။

လူထုကိုဖိအားပေးနေသောလျှပ်စစ်ဝန်ထမ်းများကို စံနမူနာအနေဖြင့် အရေးယူရန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က People’s Spring သတင်းဌာနသို့ အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက မီတာခများကို လက်နက် ကိုင်ပြီး လက်ကောက်နေကြောင်းနှင့် အချို့မြို့နယ်များ မီတာမဆောင်သူများကို ဖမ်းဆီးနေမှုများလည်းရှိသည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူပြီးနောက် လူထုကအာဏာဖီဆန်ရေးလမ်းစဉ်အဖြစ် အခွန်အခပေးဆောင်ခြင်းများကို ငြင်းဆိုခဲ့ကြသည်။ထိုထဲတွင် လျှပ်စစ်မီတာခများ မပေးခြင်းလည်းပါဝင်သည်။

အကြမ်းဖက်စစ်ကောင်စီသည် လူထုစီမှ လျှပ်စစ်မီတာခများကို နိုဝင်ဘာလကုန်အပြီးသတ်‌ကောက်ယူရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေးထားသည်။

ထိုကြောင့် လျှပ်စစ်ဝန်ထမ်းများက မြို့နယ်အလိုက် လျှပ်စစ်မီတာခများကို လက်နက်ကိုင်များနှင့် အတင်းအကြပ်လိုက်လံကောက်ခံနေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အများပြည်သူအတွက် လျှပ်စစ်မီတာခများကို ၂၀၂၁ နှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။