Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျားပေါက်၏ ကြိုးလေးချောင်းတပ် ဂစ်တာငယ် (Ukulele)ကမ္ဘာစံချိန်တင်ဈေး ဒေါ်လာ ၂၇,၅၀၀ ဖြင့်လေလံအောင်

Ukulele ရောင်းရငွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အား လှူဒါန်းရန်အတွက် လေလံတင်ပေးရန် ကျားပေါက်က မိတ်ဆွေများထံ အကူအညီတောင်းရာမှ ယခုလေလံပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပြည်သူနှင့်အတူရပ် တည်ကာ ရဲရင့်တက်ကြွသည့် အဆိုတော်ဟန်ထူးလွင် (ကျားပေါက်)၏ Ukulele(ကြိုးလေးချောင်းတပ် ဂစ်တာငယ်)သည် ကမ္ဘာ့ကြေးအမြင့်ဆုံးဖြင့် လေလံအောင်သွားသည်။

ကျားပေါက်က သူ၏ကိုယ်ပိုင်ဟန်ဖြင့် ပန်းချီရေးဆွဲထားသည် အပြာနုရောင် Ukuleleကို တော်လှန်ရေးအတွက်လေလံတင်ခဲ့ခြင်းဖြစ်သည်။ယနေ့(အောက်တိုဘာ ၁၇)
ည လေလံပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ ၂၇,၅၀ဝ ဖြင့် အမျိုးသားတစ်ဦးက ဝယ်ယူသွားခြင်းဖြစ်သည်။

ယခင်က ကမ္ဘာ့စျေးအကြီးဆုံး Ukuleleသည် ကမ္ဘာ့သမိုင်းတစ်လျှောက် စျေးအကြီးဆုံး Ukuleleအဖြစ် အမေရိကန်မှာဂန္တဝင်ဂီတပညာရှင် John D’Angelico၏ ဒေါ်လာ ၂၆,၀၀၀ ဖြင့်ရောင်းထားရသော Ukulele ဖြစ်သည်။သို့သော် ထိုစံချိန်ကို ကျားပေါက်၏ Ukuleleက ၂၇,၅၀ဝ ဖြင့် ချိုး၍ လေလံတင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။စံချိန်ချိုးနိုင်အောင်လည်း ဝယ်ယူသူက စျေးမြှင့်ပေးခဲ့ခြင်းဟု ကျားပေါက်က ရေးသားထားပြီး လူမှုကွန်ရက်မှတစ်ဆင့် ဂုဏ်ပြုစကားပြောကြားထားသည်။

Ukulele ရောင်းရငွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အား လှူဒါန်းရန်အတွက် လေလံတင်ပေးရန် ကျားပေါက်က မိတ်ဆွေများထံ အကူအညီတောင်းရာမှ ယခုလေလံပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လေလံစျေးအမြင့်ဆုံးနဲ့ အောင်သွားတဲ့ Bro အတွက် Congratulations လုပ်ချင်ပါတယ်။ နိုင်ငံပေါ်မှာထားတဲ့စေတနာရော art ကိုတန်ဖိုးထားတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ အဆင့်ဆင့် စျေးတိုးပေးပြီး အပြိုင် လေလံဆွဲပေးသူများအားလုံးကိုလဲကျေးဇူးပါ။ ကျနော့် လက်ရေးနဲ့ hand drawn postcard လေး individually ပို့ပေးဖို့စီစဉ်နေပါပြီ”ဟု ကျားပေါက်က ယနေ့ညတွင် လေလံဆွဲဝယ်ယူသူများကို ကျေးဇူးတင်စကားရေးသားထားသည်။

ထို့အပြင်အွန်လိုင်းမှလေလံပစ်၍ရောင်းချပေးသော ဖေစ့်ဘွခ်ဆယ်လီ ပန်ဆယ်လို ၊မောင်မောင်အေးနှင့် မိတ်ဆွေတစ်ဦးကိုလည်း ကျေးဇူးတင်ကြောင်းရေးသားထားသည်။

နာမည်ကျော်အဆိုတော် ရင်ဂို၏သား ကျားပေါက်သည် စစ်အာဏာရှင်အား ရဲရဲရင့်ရင့် ဆန့်ကျင်တော်လှန်နေသည့် အနုပပညာရှင်တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ၅၀၅(ခ)ဖြင့်အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒီစာအုပ်ကို Bipolarbear ပေ့ခ်ျကနေ ဒီနေ့ (ဖေဖော်ဝါရီ ၉) စတင်ရောင်းပေးခဲ့တာဖြစ်ပြီး မှာယူသူတွေများပြားတာကြောင့် ပရိသတ်တွေကို မေတ္တာရပ်ခံထားရပါတယ်။

သတင်း

တော်လှန်ရေးပြည်သူအပေါင်း၏ တော်လှန်ရေးအပေါ် ယုံကြည်စိတ်၊ရဲဝံ့စိတ်နှင့် သစ္စာတရားကြောင့် စတင်ရောင်းချသည့် ပထမနေ့(​အောက်တိုဘာ ၁ရက်) ၁၀ နာရီအတွင်း ဒေါ်လာ ၈ ဒသမ ၈ သန်းဖိုးရောင်းချရခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ကယ​နေ့ထုတ်ပြန်သည်။

သတင်း

မင်း​အောင်လှိုင်၏ အင်းလျားလမ်းအိမ်ရောင်ပြီးပါက မင်း​အောင်လှိုင်၏ ကျန်​နေအိမ်များ ၊ စီမံကိန်းများ၊အများပြည်သူနှင့် ဆိုင်သောစီမံကိန်းများ စတင်တော့မည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ EODထံမှသိရသည်။

News

အိတ်များကို ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ သတ်မှတ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် ပန်ဆယ်လို၏ မက်ဆန်ဂျာ၌ ဝယ်ယူလိုသည့် အိတ်နှင့်အမြင့်ဆုံးပေးမည့်ဈေးကို ပေးပို့ရမည်ဖြစ်သည်။