အဆိုတော် ကျားပေါက် ကိုယ်တိုင် သူ့ရဲ့ဂီတ ဖြတ်သန်းမှုအကြောင်းကို ရေးသားထားတဲ့ Giants On My Shoulders စာအုပ်ကို မှာယူသူများပြားနေပါတယ်။
ဒီစာအုပ်ကို Bipolarbear ပေ့ခ်ျကနေ ဒီနေ့ (ဖေဖော်ဝါရီ ၉) စတင်ရောင်းပေးခဲ့တာဖြစ်ပြီး မှာယူသူတွေများပြားတာကြောင့် ပရိသတ်တွေကို မေတ္တာရပ်ခံထားရပါတယ်။
” Post တင်ပြီး မိနစ်ပိုင်းနဲ့ကို reply မနိုင်အောင်ဝယ်ယူအားပေးကြလို့အရမ်းချစ်ပါတယ်နော်” လို့ Bipolarbear ကကြေညာထားပါတယ်။

ကျားပေါက်ကလည်း ” Reply တကယ်ပြန်ပါလိမ့်မယ်။ ခဏလေးစောင့်ပေးကြပါ။ အားပေးချက်ကြမ်း ” လို့ ရေးသားထားပါတယ်။

Public Service Announcement
ပထမဆုံးစာအုပ်မှာတဲ့ အယောက် နှစ်ရာက ကျားပေါက် ကိုယ်တိုင်လက်မှတ်ထိုးပေးထားတဲ့ စာအုပ်ရမှာ ဖြစ်တာကြောင့် ပရိသတ်တွေက အသည်းအသန်မှာနေကြတာပါ။
ဒီစာအုပ်က အသက် ၁၈ နှစ်အထက်တွေအတွက်ရည်ရွယ်တဲ့ 18+ စာအုပ်ဖြစ်ကြောင်းလည်းအသိပေးထားပါတယ်။
ဒီစာအုပ်ကို မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံတို့က ဝယ်ယူသူတွေအတွက် တစ်အုပ်ကို ထိုင်းဘတ် ၁၈၀၊ အခြားနိုင်ငံက ဝယ်ယူသူတွေအတွက် USD ၅၀ သတ်မှတ်ထားကာ အိမ်အရောက်စနစ်နဲ့ ပို့ဆောင်ပေးမယ့် ဈေးနှုန်းတွေကိုလည်း Bipolarbear ကဖော်ပြပေးထားပါတယ်။
ကျားပေါက်က အာဏာသိမ်းခံရတဲ့ အချိန်ကတည်းက ပြည်သူနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ပြည်ပနိုင်မှာ နေထိုင်ကာ ဂီတအပါအဝင် အနုပညာဖန်တီးမှုတွေ လုပ်ဆောင်ရင်း တော်လှန်ရေးကိုလည်း ပါဝင်ကူညီနေသူပါ။


















































