Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းတာကိုဆန့်ကျင်လို့ ဖမ်းခံထားရသူတွေထဲက ၄၃၀၀ ကျော်ကို ပြန်လွှတ်မယ်

ပြန်လွှတ်ပေးတာကို သီတင်းကျွတ်ကာလမှာ လုပ်ဆောင်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အင်းစိန်ထောင်ရှေ့မြင်ကွင်း

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့အတွက် မတရားဖမ်းဆီးခံခဲ့ရသူတွေထဲက ၄၃၂၀ ဦးကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

ကြားနာစစ်ဆေးဆဲအမှုတွေကိုပိတ်သိမ်းပြီး လွှတ်ပေးမှာလို့ သိရပါတယ်။

ပြန်လွှတ်ပေးတာကို သီတင်းကျွတ်ကာလမှာ လုပ်ဆောင်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ရဲ့ စာရင်းအရ အာဏာသိမ်းတဲ့ရက်ကစပြီး အောက်တိုဘာလ ၁၆ ရက်အထိ ကျဆုံးခဲ့သူဟာ ၁၁၇၈ ဦးရှိပြီး ၉၀၂၈ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ချုပ်နှောင်ခံထားရဆဲဦးရေကတော့ ၇၃၅၅ ဦးရှိပြီး ၁၉၈၉ ဦးဟာ ဝရမ်းထုတ်ခံထားရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။