Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှေးဟောင်းမြို့တော်ပုဂံတွင် မိုးကြီး၍ စေတီပုထိုးများ ထပ်မံပြိုကျ

ယခုရက်ပိုင်းအတွင် ပုဂံရှေးဟောင်းနယ်မြေတွင် မိုး ကောင်းနေပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသည့် စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေသည်။

ရှေးဟောင်းမြို့တော်ပုဂံယဥ်ကျေးမှုနယ်မြေတွင် မိုးသန်းထန်စွာရွာသွန်းမှုကြောင့် ပြဿဒ်ကြီ၊စိုးမင်းကြီးနှင့် စေတနာကြီးပုထိုးအပါအဝင် စေတီပုထိုးအနည်းဆုံး ငါးဆူထပ်မံပြိုကျပျက်ဆီးမှုဖြစ်ခဲ့သည်။

ရှေးဟောင်းပုဂံမြို့တွင် ယမန်နေ့(အောက်တိုဘာ ၁၇ရက်)ညက တစ်ညလုံးမိုးသန်းထန်စွာရွာသွန်းမှုကြောင့် ယခုကဲ့သို့ စေတီပုထိုးများပြိုကျပျက်ဆီးခြင်းဖြစ်ကြောင်း ပုဂံဒေသခံများက ပြောသည်။

“ဘုရားတွေရဲ့ မုတ်ဦးတွေ၊ နံရံတွေပြိုကျတာ။ မိုးကဒီမှာ အရမ်းကောင်းနေတယ်”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင် ပုဂံရှေးဟောင်းနယ်မြေတွင် မိုး ကောင်းနေပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသည့် စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၁၁ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားအမှတ်(၁၀၄၂)’ဆင်ကဘုရား’ ၏ စောင်းတန်းပြိုကျမှု ဖြစ်ပွားခဲ့သည်။ ပုဂံမြို့သစ် ကျန်စစ်သားနယ်မြေ ရွှေလောင်းရပ် ကွက်ရှိ ဆင်ကဘုရား၏ အနောက်တောင်ထောင့်စောင်းတန်းပြိုကျခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၃၁ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရား၏ တောင်ဘက်နံရံပြိုကျပျက်စီးမှုဖြစ်ခဲ့သည်။

၂၀၁၆ သြဂုတ်၂၄ရက်က လှုပ်ခတ်သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ရှေးဟောင်းပုဂံဒေသရှိ စေတီပုထိုး ၃၈၉ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထိုငလျင်ဒဏ်ခံရပြီးနောက်တွင် မိုးတွင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းပါက ပုဂံဒေသရှိ စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှု နှစ်စဥ်ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာ၁၇ကလည်း ပုဂံမြို့ရှိ စေတီ ပုထိုးများကြား ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သေးသည်။

ပုဂံဒေသတွင် ရာသီဥတုဖောက်ပြန်မှုကိုကြိုတင်စီမံပြင်ဆင်ထားခြင်းမရှိ၍ ကမ္ဘာ့အမွေအနှစ်တွေဆုံးရှူံးမှုများနေကြောင်း ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါ်ဥမ္မာမျိုးက ပုဂံရေကြီးမှုနှင့်ပတ်သက်ပြီး အကြံပြုထားသည်။

ဖွံ့ဖြိုးရေးစီမံကိန်းများ လမ်းဖောက်၊အဆောက်အအုံဆောက်လုပ်ခြင်းများကြောင့် ပျက်စီးပိတ်ဆို့သွားသောမူလရေဆင်းလမ်းကြောင်းများပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန်၊ အမွေအနှစ်ပတ်ဝန်းကျင်ရှိသစ်ပင်ကြီးများအား အမွေအနှစ်အပေါ်အန္တရာယ်ရှိနိုင်လျှင်ရှင်းလင်းရန်၊ ရှေးဟောင်းအဆောက်အအုံထိန်းသိမ်းခြင်းဆိုသည်မှာဘတ်ဂျက်များစွာဖြင့်ဆောင်ရွက်ရသောပရောဂျက်ကြီးများမလိုပဲ စဥ်ဆက်မပြတ်စောင့်ကြည့်၍ ညောင်ပင်သတ်ခြင်း၊ မိုးယိုလျှင်ပြင်ဆင်ခြင်း စသဖြင့် ထိန်းသိမ်းရေးပုံမှန်လုပ်ဆောင်နေရန်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ကပ်ရောဂါ၊ နိုင်ငံရေးစသည်တို့ကြောင့်ထိခိုက်မှုဖြစ်လွယ်သောကြောင့် ဒေသခံများ၏နဂိုမူလ စိုက်ပျိုး ရေးလုပ်ငန်းကို ဒုတိယဝင်ငွေရလမ်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပုဂံ Cultural landscape မထိခိုက်စေပဲ စီစဥ်ဆောင်ရွက်ရန်တို့ဟု သူမက ထောက်ပြသည်။

၂၀၁၃က ပုဂံကိုကမ္ဘာ့အမွေအနှစ်တင်ရန်စတင်လုပ် ဆောင်စဥ်ကတည်းက ယူနက်စကိုမှအမွေအနှစ်များစီမံခန့်ခွဲရေးကျွမ်းကျင်သူများ၊ထိန်းသိမ်းရေးပညာရှင်များက သက်ဆိုင်သူများကို အကြိမ်ပေါင်းများစွာဆွေးနွေးအကြံပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ – မိုက်ကယ်ရီယို

ဆက်စပ်သတင်းများ

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

သတင်း

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၃ ဇူလိုင်အထိ နေအိမ်ပေါင်း ၅၇,၅၀၃လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data For Myanmarက ထုတ်ပြန်ထားသည်။

သတင်း

အခုရက်ပိုင်း ပုဂံဒေသမှာ မိုးများချိန်မှာပဲ အခုလို ရှေးဟောင်းဘုရားရဲ့အစိတ်အပိုင်း အချို့ ပြိုကျပျက်စီးမှုဖြစ်ခဲ့တာပါ။

သတင်း

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့်မေလအတွင်းက ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့သည့် မိုခါဆိုင်မုန်တိုင်းဒဏ်ကြောင့် အကူအညီများလိုအပ်နေသော ဒေသဖြစ်သည်။ စစ်ကောင်စီကလည်း ယနေ့အချိန်အထိ ထိရောက်သော အကူအညီမပေးသေးဟု ဘေးသင့်ပြည်သူများက ပြောသည်။