Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့ ကြံရာပါဖြစ်မှုကို ချက်ချင်းရပ်တန့်ဖို့ ဩစတြေးလျကို Justice for Myanmar တောင်းဆို

Barrett Communications ဟာ မြန်မာစစ်တပ်ကို ၂၀၁၇ က နောက်ဆုံးရောင်းချမှုပြုလုပ်ခဲ့ပေမယ့် PRC-2090 ရွှေ့ပြောင်းသယ်ယူရလွယ်ကူတဲ့ စစ်သုံးဆက်သွယ်ရေးပစ္စည်းတွေကို Barrett ရဲ့ ခွင့်ပြုချက်မရဘဲ တတိယကြားခံရောင်းချသူတွေက မြန်မာစစ်တပ်ကိုရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ဩစတြေးလျကာကွယ်ရေးပစ္စည်းကုမ္ပဏီ Barrett Communications ဆီကနေ နည်းဗျူဟာဆိုင်ရာရေဒီယို စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝယ်ယူဖို့ကြိုးပမ်းနေပြီး အကြမ်းဖက်လူသတ်စစ်တပ်နဲ့မပတ်သက်ဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။

Barrett Communications ဟာ မြန်မာစစ်တပ်ကို ၂၀၁၇ က နောက်ဆုံးရောင်းချမှုပြုလုပ်ခဲ့ပေမယ့် PRC-2090 ရွှေ့ပြောင်းသယ်ယူရလွယ်ကူတဲ့ စစ်သုံးဆက်သွယ်ရေးပစ္စည်းတွေကို Barrett ရဲ့ ခွင့်ပြုချက်မရဘဲ တတိယကြားခံရောင်းချသူတွေက မြန်မာစစ်တပ်ကိုရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩစတြေးလျ ကုမ္ပဏီတွေဖြစ်တဲ့ Codan နဲ့ RFDesign Pty Ltd တို့ဆီကလည်း ရေဒီယိုနဲ့ ဆက်စပ်ဆက်သွယ်ရေးပစ္စည်းတွေကို မြန်မာစစ်တပ်က ဝယ်ယူရရှိခဲ့တယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ ကြည်းတပ် ဆက်သွယ်ရေးနဲ့ လေတပ်စစ်ဆင်ရေးတွေအတွက် ဩစတြေးလျနည်းပညာကို အသုံးပြုနေတာကို ကျွန်မတို့ စိုးရိမ်ထိတ်လန့် စိတ်ပျက်ရပါတယ်။ မြန်မာပြည်သူတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကနေ အရေးယူမခံရဘဲ လွတ်နေတဲ့ မြန်မာစစ်တပ်ကို Barrett Communications က အဆင့်မြင့်နည်းပညာတွေ ထောက်ပံ့နေတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ ဖြစ်ပါတယ်” လို့ Justice For Myanmar ရဲ့ပြောရေးဆို ခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “ဩစတြေးလျ အစိုးရ အဆက်ဆက်ဟာ မြန်မာစစ်တပ်နဲ့ တပူးတွဲတွဲ လုပ်နေခဲ့ကြပြီး အခုအချိန်မှာ အာဏာသိမ်းခေါင်းဆောင်၊ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ကို စီးပွားရေးပိတ်ဆို့ အရေးယူတာမျိုးတောင် မလုပ်ပဲ ဒီအတိုင်းကြည့်နေတာက အလွန်စိတ်ပျက်အံ့ဩဖို့ကောင်းပါတယ်။ ဩစတြေးလျအနေနဲ့ စစ်လက်နက် ထိန်းချုပ်ရေးအစီအစဉ်ကို အသက်ဝင်အားကောင်းအောင် ချက်ချင်း အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပြီး၊ မြန်မာနိုင်ငံကို နောက်ထပ် စက်ပစ္စည်းထပ်မပို့နိုင်အောင် သေသေချာချာလုပ်ဆောင်ဖို့ လိုပါတယ်” လို့ သူမက တိုက်တွန်းပါတယ်။

Codan Ltd နဲ့ RFDesign ကုမ္ပဏီတို့ဟာ ၎င်းတို့ရဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ရှင်းပြပေးဖို့ Justice For Myanmar ရဲ့ တောင်းဆိုချက်ကို အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။