Connect with us

Hi, what are you looking for?

News

လာမည့်ခြောက်လအတွင်း တော်လှန်ရေးအဆုံးသတ်နိုင်ရေး ကြိုတင်စဉ်းစားပြင်ဆင်ကြရန် NUG ဝန်ကြီးချုပ်တိုက်တွန်း

အခက်အခဲများကို တောင့်ခံပေးနေကြသည့် ပြည်သူများအတွက် စဉ်းစားပြီးပိုပြီးအားစိုက် ကြိုးပမ်းကြရန် ဝန်ကြီးများ၊ ဒုဝန်ကြီးများကို ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းသည်။

လာမည့်ခြောက်လတွင် အောင်မြင်မှုများဖြင့် တော်လှန် ရေးကို မည်သို့အဆုံးသတ်မည်ဆိုသည်ကို ၀ိုင်းဝန်းပြီး ကြိုတင်စဉ်းစားပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေးကို ယနေ့(အောက်တိုဘာ ၁၉ရက်)တွင် ကျင်းပဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရတာဝန်ယူခဲ့သည့် ခြောက်လအတွင်း ဝန်ကြီးဌာနများ၏ လုပ်နိုင်စွမ်းကို ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်များပြင်ဆင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားပြီး နောင်လာမည့်သုံးလအတွင်း အောင်မြင်မှုများ ရရှိရေးပြင်ဆင်ကြရန် မှာကြားသည်။

အခက်အခဲများကို တောင့်ခံပေးနေကြသည့် ပြည်သူများအတွက် စဉ်းစားပြီးပိုပြီးအားစိုက် ကြိုးပမ်းကြရန် ဝန်ကြီးများ၊ ဒုဝန်ကြီးများကို ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်ရေး၏ ပထမဆုံးနှင့် အရေးအကြီးဆုံးထောက်တိုင်များဖြစ်သော CDMများနှင့်ပါတ်သတ်၍ တော်လှန်ရေးစကတည်းက အခက်အခဲမျိုးစုံနှင့် တောင့်ခံပေးနေကြသည့် CDM များသည် အင်မတန် လေးစားစရာကောင်းသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ CDM ဝန်ထမ်းများကို ပြည်စုံအောင် မဖြည့် ဆည်းပေးနိုင်မှုများအတွက်လည်း အားနာပြီးစိတ်မကောင်းဖြစ်ရသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

CDM ဝန်ထမ်းများအား စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။ ဝန်ကြီးဌာနလက်ကိုင်မရှိသည့် CDM ဝန်ထမ်းများကို ၀န်ကြီးချုပ်ရုံးမှ စနစ်တကျတာဝန်ယူ ကူညီပံ့ပိုး ဆောင်ရွက်နိုင်ရန် စီစဉ်ပြီး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါအစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အမှာစကား ပြောကြားခဲ့ရာ အာဆီယံ၏ ဆုံးဖြတ်ချက်များနှင့် စစ်ကောင်စီအပေါ်ကျရောက်နေသည့် ဖိအားများသည် ဝမ်းနည်းပူဆွေးနေကြသည့် ပြည်သူ့များအတွက် ဝမ်းမြောက်ဖွယ်နေ့ရက်ဖြစ်ခဲ့သည်ဟုဆိုသည်။

စီးပွားရေးပိတ်ဆို့မှု များနှင့်ပါတ်သတ်၍ ချမှတ်ရန် တိုက်တွန်းသည့် မူဝါဒများသည် အခြေခံ ပြည်သူလူထုကို ကြီးမားစွာ ထိခိုက်စေမည့် အရာများကိုသတိထားရမည်ဟုလည်း ၎င်းက ပြောသည်။ စစ်ကောင်စီနှင့် စစ်ဗိုလ်များ မတရားကြီးပွားနေသည့် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ဝင်ငွေ လမ်းကြောင်းကို ထိထိရောက်ရောက်ပိတ်ဆို့နိုင်ရန် အရေးကြီးကြောင်း ယာယီသမ္မတက ပြောသည်။

အစိုးရသက်တမ်းခြောက်လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏တော်လှန်ရေးခရီးအောင်မြင်မှုနှင့် ကျရှုံးမှုများ၊ စိန်ခေါ်မှုများကို သုံးသပ်ပြီး တော်လှန်ရေးအမြန်အောင်မြင်ဖို့ကြိုးပမ်းပြင်ဆင်သွားရန်လိုကြောင်း ယာယီသမ္မတက မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုအပတ်အတွင်း တော်လှန်ရေးအတွက် အားတက်စရာ သတင်းများစွာ ကြားရကြောင်း၊ အောက်တိုဘာ ၁၈ရက်က မတရားဖမ်းဆီးခံထားရသည့် အပြစ်မဲ့ ပြည်သူ ၁,၃၁၆ဦး နှင့် မတရားသဖြင့် တရားစွဲဆိုခံနေရသူ ,
၄,၃၂၀ ဦးတို့ ပြန်လည်လွတ်မြောက် လာကြောင်း ကြားရ၍ ကာယကံရှင်များအတွက် များစွာ ဝမ်းသာကြောင်း ပြောသည်။

ယင်းသည် ပြည်တွင်းပြည်ပရှိပြည်သူများ ကြိုးစားရုန်းကန်မှု၏ ရလဒ်ဖြစ်ပြီးဆက်လက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် ကျန်ရှိနေသေးသည့် အပြစ်မဲ့ အကျဉ်းချခံထားရသူ အားလုံး အမြန်လွတ်မြောက်နိုင်ရေး ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူများ၊ အတူ ဝန်ကြီးဌာနများနှင့် သံအမတ်ကြီး၏ ဘက်ပေါင်းစုံ ကြိုးပမ်းအားထုတ်မှုများကြောင့် နိုင်ငံတကာအခြေအနေများ တဖြေးဖြေး အားတက်စရာများ ရှိလာကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးများ၌ မြန်မာနိုင်ငံ ၏ လက်ရှိအခြေအနေများ ကမ္ဘာသိအောင် တောက်လျှောက်ပြောကြားနေပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနတို့၏ အားထုတ်မှုများကလည်း အားရစရာ ကောင်းကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်မတော်သားများ၊ ရဲဝန်ထမ်းများ ပိုများလာသကဲ့သို့ CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီကိုအပါအဝင် CDM ဝန်ထမ်းများအုပ်ချုပ်ရေး ကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းက အစိုးရလုပ်ငန်းစဉ်များ စနစ်တကျ ဖြစ်လာခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook