Connect with us

Hi, what are you looking for?

News

သီတင်းကျွတ် အခါသမယမှာ ပြန်လည်စဉ်းစားဆင်ခြင်ပြီး ပြည်သူနဲ့အတူ အမြန်ဆုံးပူးပေါင်းကြဖို့ တပ်မတော်သား၊ ရဲဝန်ထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို NUG ယာယီသမ္မတထပ်မံတိုက်တွန်း

ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ ဆုတောင်းစကားကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပြီး တရားသော ပြည်သူ့ခုခံတော်လှန်ရေး မုချအောင်မြင်မှာဖြစ်ကြောင်းကိုလည်း အလေးအနက် သစ္စာပြုပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့ရဲ့ အကျိုးအတွက် စတေးခံနေရတဲ့ တပ်မတော်သား၊ ရဲဝန်ထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့သီတင်း ကျွတ် အခါသမယမှာ ပြန်လည်စဉ်းစားဆင်ခြင်ကာ ပြည်သူနဲ့အတူ အမြန်ဆုံးပူးပေါင်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ ဆုတောင်းစကားကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပြီး တရားသော ပြည်သူ့ခုခံတော်လှန်ရေး မုချအောင်မြင်မှာဖြစ်ကြောင်းကိုလည်း အလေးအနက် သစ္စာပြုပါတယ်။

သီတင်းကျွတ်အခါသမယဟာ ဗုဒ္ဓဘာသာဝင်များအတွက် မြတ်စွာ ဘုရားရဲ့ ဂုဏ်ကျေးဇူးအထူးကို အောက်မေ့သတိရပူဇော်ကြတဲ့ ကာလဖြစ်သကဲ့သို့ တပြည်လုံးမှ မိသားစုဝင်တွေ၊ မိဘနဲ့ သားသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို ဂါရဝပြုကြလေ့ရှိတဲ့ ချစ်ခင်ကြင်နာမှု ထုံမွှန်းနေလေ့ရှိသော အချိန်အခါဖြစ်ပေမယ့် လက်ရှိအချိန်မှာ စစ်အာဏာရှင် မင်းအောင်လှိုင် နဲ့ စစ်အုပ်စုတို့ရဲ့ ဖိစီးနှိပ်စက်မှုတို့ကြောင့် မိသားစုများစွာမှာ တကွဲတပြား ဖြစ်နေကြတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ရမ်းကားသတ်ဖြတ်မှုတွေကြောင့် ပြန်လည်အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိဘများနဲ့ သားသမီးများရဲ့ ဝမ်းနည်းပူဆွေးမှုတွေကိုလည်း အမျိုးသား ညီညွတ်ရေးအစိုးရက ထပ်တူခံစားမိတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တဆက်တည်းမှာ ပြည်သူလူထုတရပ်လုံးဟာ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို သတိရကာ စာနာလေးစားစိတ်တွေနဲ့ ပြည်သူ့တော်လှန်ရေးကို တခဲနက် ဆက်လက်ပါဝင်အားဖြည့်ကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံတိုက်တွန်းပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများ ပြန်လည်လွတ်မြောက်ရေး၊ အာဏာရှင် စနစ်ဖျက်သိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် နေရာကဏ္ဍအသီးသီးမှာတိုက်ပွဲဝင်ပံ့ပိုးပေးနေသူများ၊ စစ်ဘေးရှောင်စခန်းများမှ ပြည်သူများအားလုံး မိသားစုအသီးသီးနဲ့ အမြန်ဆုံးငြိမ်းချမ်းစွာ ဆုံစည်းကြစေရေးအတွက် NUG က အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ယာယီသမ္မတက ထပ်လောင်းပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။