Connect with us

Hi, what are you looking for?

News

ခမရ(၅၄၅)တပ်ရင်းမှူး၏ ကိုယ်ရံတော်လက်ဖြောင့်တပ်သား ကိုးကန့်တပ်ထံလာပူးပေါင်း

ဗမာလူမျိုးဖြစ်သူ ကိုထိုက်သည် အောက်တိုဘာ ၁၈ရက်က လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ကိုးကန့်ဘက်သို့ အလင်းဝင်ရန် ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြပွဲ၌အကိုရင်းဖြစ်သူပစ်သတ်ခံရပြီးနောက်စစ်ကောင်စီတပ်ထံတာဝန်ထမ်းလိုစိတ်မရှိ၍ဟုဆိုအာဏာ သိမ်းစစ်ကောင်စီတပ်၏ ခမရ(၅၄၅)တပ်ရင်းမှူး၏ ကိုယ်ရံတော်ဖြစ်သည့် ကိုထိုက်ဆိုသည့် တပ်မတော်သား တစ်ဦး အလင်းဝင်ရောက်လာကြောင်း ကိုးကန့်လက်နက် ကိုင်အဖွဲ့(MNDAA)က ထုတ်ပြန်သည်။

ဗမာလူမျိုးဖြစ်သူ ကိုထိုက်သည် အောက်တိုဘာ ၁၈ရက်က လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ကိုးကန့်ဘက်သို့ အလင်းဝင်ရန် ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

မေးမြန်းချက်များအရ ကိုထိုက်သည် ခမရ (၅၄၅) တပ်ရင်းမှူး၏ကိုယ်ရံတော်ဖြစ်ပြီး စနိုက်ပါကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း၊ ကိုထိုက်၏ပြောကြားချက်အရ စစ်ကောင်စီမှအာဏာ သိမ်းယူပြီးနောက်ပိုင်းတွင် အစ်ကိုရင်းသည် စစ်ကောင်စီအလိုမရှိဆိုသည့် ဆန္ဒပြပွဲထဲတွင် ရဲတပ်ဖွဲ့ဝင်၏ ပစ်ခတ်ခြင်းကြောင့် အသက်ပေးစွန့်ခဲ့ရကြောင်း၊ ယင်းဖြစ်စရပ်ကို ကြားသိချိန်တွင် စစ်ကောင်စီတပ်တွင် ဆက်လက်တာဝန်မထမ်းဆောင်ချင်တော့၍ ကိုးကန့်တပ်သို့ အလင်းဝင်ရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်တပ်က တပ်သားတို့၏မိသားစုများကိုကျပ်တည်းစွာထိန်းချုပ်ပြီး အချို့တပ်သားများလည်း စစ်ကောင်စီတပ်ထဲတွင်ဆက်လက်ပြီး တာဝန်မထမ်းဆောင်ချင်တော့သိရသည်ဟု ကိုထိုက်ကထွက်ဆိုကြောင်း၊ အများစုမှာ မိသားစုအတွက်စိုးရိမ်မူများရှိနေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကိုးကန့်တပ်က လက်ခံပါကစစ်ကောင်စီကို တိုက်ခိုက်ရာတွင်ပါဝင်မည်ဟု ကိုထိုက်က ပြောဆိုခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက် ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခဲ့ကြောင်း၊ ယင်းစစ်ကောင်စီတပ်သည် အများပြည်သူဆန့်ကျင်ကန့်ကွက်မလိုလားသောလက်နက်ကိုင်တပ်မတော်ဖြစ်၍ လုံး၀ပြိုကွဲမည်ဖြစ်ကြောင်း MNDAA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ နှစ်ဖက် စစ်ရေးစုဖွဲ့မှုတွေ ဆက်ရှိနေကြောင်း ဒေသခံနဲ့ ဒေသစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ‌အမှတ်(၅၈၈)ခြေမြန်တပ်ရင်း(ခမရ-၅၈၈)က စစ်မှုထမ်းသစ်တန်းဆင်းသုံးဦး သေနတ်တွေယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ထပ်မံအလင်းဝင်လာပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထစစ်တပ်စခန်းသိမ်းတိုက်ပွဲက ထိုင်းနိုင်ငံထဲထွက်ပြေးတဲ့ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား လေးဦးခန့်ဟာ သောင်ရင်းမြစ်အတွင်း မျှောပါသွားတယ်လို့ ကရင်းစစ်ရေးသတင်းရင်းက ပြောပါတယ်။

သတင်း

တပ်ရင်းမှူးအပါအဝင် ဥကရစ်ထတပ်စခန်းက တပ်သား ၈၉ဦး ထိုင်းဘက်ထွက်ပြေး