Connect with us

Hi, what are you looking for?

LuduNwayOo

News

ခမရ(၅၄၅)တပ်ရင်းမှူး၏ ကိုယ်ရံတော်လက်ဖြောင့်တပ်သား ကိုးကန့်တပ်ထံလာပူးပေါင်း

ဗမာလူမျိုးဖြစ်သူ ကိုထိုက်သည် အောက်တိုဘာ ၁၈ရက်က လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ကိုးကန့်ဘက်သို့ အလင်းဝင်ရန် ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြပွဲ၌အကိုရင်းဖြစ်သူပစ်သတ်ခံရပြီးနောက်စစ်ကောင်စီတပ်ထံတာဝန်ထမ်းလိုစိတ်မရှိ၍ဟုဆိုအာဏာ သိမ်းစစ်ကောင်စီတပ်၏ ခမရ(၅၄၅)တပ်ရင်းမှူး၏ ကိုယ်ရံတော်ဖြစ်သည့် ကိုထိုက်ဆိုသည့် တပ်မတော်သား တစ်ဦး အလင်းဝင်ရောက်လာကြောင်း ကိုးကန့်လက်နက် ကိုင်အဖွဲ့(MNDAA)က ထုတ်ပြန်သည်။

ဗမာလူမျိုးဖြစ်သူ ကိုထိုက်သည် အောက်တိုဘာ ၁၈ရက်က လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ ကိုးကန့်ဘက်သို့ အလင်းဝင်ရန် ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

မေးမြန်းချက်များအရ ကိုထိုက်သည် ခမရ (၅၄၅) တပ်ရင်းမှူး၏ကိုယ်ရံတော်ဖြစ်ပြီး စနိုက်ပါကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း၊ ကိုထိုက်၏ပြောကြားချက်အရ စစ်ကောင်စီမှအာဏာ သိမ်းယူပြီးနောက်ပိုင်းတွင် အစ်ကိုရင်းသည် စစ်ကောင်စီအလိုမရှိဆိုသည့် ဆန္ဒပြပွဲထဲတွင် ရဲတပ်ဖွဲ့ဝင်၏ ပစ်ခတ်ခြင်းကြောင့် အသက်ပေးစွန့်ခဲ့ရကြောင်း၊ ယင်းဖြစ်စရပ်ကို ကြားသိချိန်တွင် စစ်ကောင်စီတပ်တွင် ဆက်လက်တာဝန်မထမ်းဆောင်ချင်တော့၍ ကိုးကန့်တပ်သို့ အလင်းဝင်ရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်တပ်က တပ်သားတို့၏မိသားစုများကိုကျပ်တည်းစွာထိန်းချုပ်ပြီး အချို့တပ်သားများလည်း စစ်ကောင်စီတပ်ထဲတွင်ဆက်လက်ပြီး တာဝန်မထမ်းဆောင်ချင်တော့သိရသည်ဟု ကိုထိုက်ကထွက်ဆိုကြောင်း၊ အများစုမှာ မိသားစုအတွက်စိုးရိမ်မူများရှိနေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကိုးကန့်တပ်က လက်ခံပါကစစ်ကောင်စီကို တိုက်ခိုက်ရာတွင်ပါဝင်မည်ဟု ကိုထိုက်က ပြောဆိုခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက် ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခဲ့ကြောင်း၊ ယင်းစစ်ကောင်စီတပ်သည် အများပြည်သူဆန့်ကျင်ကန့်ကွက်မလိုလားသောလက်နက်ကိုင်တပ်မတော်ဖြစ်၍ လုံး၀ပြိုကွဲမည်ဖြစ်ကြောင်း MNDAA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ကျောက်ဖြူကို ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် ရောက်ရှိရာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဗိုလ်မှူး တစ်ဦး အပါအဝင် အရာရှိ ၄ဦးကို ကျောက်ဖြူ ဗျူဟာမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

သတင်း

AAယခင်ကလည်း စစ်ကောင်စီ စစ်သင်္ဘော ၅စီးထက်မနည်းကို တိုက်ခိုက်နှစ်မြှုပ်ထားနိုင်ခဲ့ပြီး စစ်သင်္ဘောများ ထိခိုက်အောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။