Connect with us

Hi, what are you looking for?

News

(၂)နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်လေးမျိုးကို ဒေါ်လာတစ်ဘီလီယံအထိ NUGအစိုးရ ရောင်းချမယ်

ငွေတိုက်စာချုပ်ဆိုသည်မှာ အစိုးရ၏ဘတ်ဂျတ်လိုငွေအတွက်အများပြည်သူထံက ချေးငွေရယူခြင်းဖြစ်သည်။ ထိုအတွက် အစိုးရကအသိအမှတ်ပြု လက်မှတ်ပြန်ပေးပြီး ထိုချေးငွေအတွက် အချိန်ကာလသတ်မှတ်ချက်အတိုင်းအတိုးနှုန်းပေးအပ်ခြင်းလည်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က (၂)နှစ်သက်တမ်းရှိသည့် ငွေတိုက်စာချုပ်လေးမျိုးကို ဒေါ်လာတစ်ဘီလီယံဖိုးအထိ ရောင်းချရန်ရှိကြောင်း စီမံကိန်း၊ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

အောက်တိုဘာ ၁၉ရက်တွင်ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင် ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။

ငွေတိုက်စာချုပ်ဆိုသည်မှာ အစိုးရ၏ဘတ်ဂျတ်လိုငွေအတွက်အများပြည်သူထံက ချေးငွေရယူခြင်းဖြစ်သည်။ ထိုအတွက် အစိုးရကအသိအမှတ်ပြု လက်မှတ်ပြန်ပေးပြီး ထိုချေးငွေအတွက် အချိန်ကာလသတ်မှတ်ချက်အတိုင်းအတိုးနှုန်းပေးအပ်ခြင်းလည်း ဖြစ်သည်။

NUG၏ ဒေါ်လာ ၁၀၀ ၊ ဒေါ်လာ ၅၀၀ ၊ ဒေါ်လာ ၁,၀၀၀ နှင့် ဒေါ်လာ ၅,၀၀၀တန် တိုက်စာချုပ်လေးမျိုးကို ရောင်းချမည်ဖြစ်ပြီး တော်လှန်ရေးကာလအထူးငွေတိုက်စာချုပ်များဟု အမည်ပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ငွေတိုက်စာချုပ်များကို နိုင်ငံပြင်ပရောက်ဘဏ်များဖြင့် ချိတ်ဆက်ဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းက ဝယ်ယူလိုသူများကလည်း နိုင်ငံခြားဘဏ်အကောင့်ရှိသူများချိတ်ဆက်ဝယ်ယူရမည် ဖြစ်သည်။

ငွေတိုက်စာချုပ်ရောင်းချမူကို အောက်တိုဘာကုန်ပိုင်းတွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး NUG၏ ဘတ်ဂျတ်လိုငွေအတွက် အနည်းဆုံး ဒေါ်လာသန်း ၅၀၀မှ သန်း၁,၀၀၀ (တစ်ဘီလီယံ)အထိ ရောင်းချသွားမည်ဟု NUGက ဆိုထားသည်။

သက်တမ်းကို (၂)နှစ်သတ်မှတ်ထားသော်လည်း တော် လှန်ရေးပြီးဆုံးမူအပေါ်တွင် မူတည်နေသည်ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်များကို ထုတ်ရောင်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook