Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးဖိအားပေးမှု ပိုမိုလုပ်ဆောင်ဖို့ အမေရိကန်အကြီးတန်းအရာရှိပြော

“အခြေအနေက မြန်မာနိုင်ငံတွင်းမှာ ပိုမိုဆိုးရွားနေပါတယ်။ လူသားချင်းစာနာမှု၊ လုံခြုံရေးစတဲ့ အခြေအနေတွေကအစ စီးပွားရေးနဲ့ နိုင်ငံရေးတိုးတက်မှုကင်းမဲ့နေတဲ့အထိပါပဲ”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က AP သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့စစ်အုပ်ချုပ်ရေးအကျပ် အတည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆုံးဖြတ်ရာမှာ အလှည့်အပြောင်းနေရာမှာ ရှိနေပြီး စစ်ကောင်စီရဲ့ အပြုအမှုတွေပြောင်းလဲဖို့ နိုင်ငံရေးနဲ့ စီးပွားရေးဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၂၁ ရက်က ပြောပါတယ်။

“အခြေအနေက မြန်မာနိုင်ငံတွင်းမှာ ပိုမိုဆိုးရွားနေပါတယ်။ လူသားချင်းစာနာမှု၊ လုံခြုံရေးစတဲ့ အခြေအနေတွေကအစ စီးပွားရေးနဲ့ နိုင်ငံရေးတိုးတက်မှုကင်းမဲ့နေတဲ့အထိပါပဲ”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က AP သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အမေရိကန်ဟာ ဖေဖော်ဝါရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖယ်ရှားလိုက် တဲ့ စစ်တပ်အာဏာသိမ်းမှုမှာ အကျယ်လောင်ဆုံးဝေဖန်ပြစ်တင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ ဖမ်းဆီးခံထားရပြီး သမ္မတဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ထိပ်ပိုင်းအဖွဲ့ဝင်အားလုံးဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အသေးစိတ်စာရင်းပြုစုမှုအရ ဖေဖော်ဝါရီ ၁ ရက်ကစလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အရပ်သား ၁၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး ၉၀၄၃ ဦးကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ စစ်အစိုးရဟာ တိုင်းပြည်နေရာအနှံ့အပြားမှာ မြင့်တက်ကြီးထွားလာတဲ့အာဏာဖီဆန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအတိုင် ပင်ခံ Derek Chollet ဟာ အာဆီယံ ထိပ်သီးညီလာခံမတိုင်ခင် ထိုင်းနဲ့ စင်ကာပူတို့ကို သွားရောက်ပြီးနောက် အင်ဒိုနီးရှားကို ရောက်ရှိနေစဉ်မှာ အမေရိကန်ကိုယ်စား လှယ်အဖွဲ့နဲ့အတူ အွန်လိုင်းကတစ်ဆင့် AP ကို အင်တာဗျူးပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။