Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်နဲ့ပတ်သက်မှုကြောင့် နိုင်ငံတကာဥပဒေအရတာဝန်ရှိပြီး လျှော်ကြေးပေးအပ်ဖို့လည်းတာဝန်ရှိနိုင်တယ်လို့ စင်ကာပူကို နိုင်ငံတကာရှေ့နေတစ်ဦး သတိပေး

မြန်မာစစ်တပ်ကို ETC ရဲ့ ငွေကြေးပေးချေမှုတွေ ရပ်တန့်ပေးဖို့ စင်ကာပူစတော့ အိတ်ချိန်းနဲ့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့ကို မေတ္တာရပ်ခံ တောင်းဆိုကြောင်း Justice for Myanmarက ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ကို စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတွေရဲ့ ငွေပေးချေမှုတွေကြောင့် ဖြစ်ပေါ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုတွေအတွက် စင်ကာပူဟာ နိုင်ငံတကာ ဥပဒေအရတာဝန်ရှိနိုင်ပြီး လျော်ကြေးပေးအပ်ဖို့လည်း တာဝန်ရှိနိုင်တယ်လို့ အထင်ကရနိုင်ငံတကာရှေ့နေတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာဥပဒေပညာရှင် နှစ်ဦးရေးသားတဲ့ ဥပဒေရေးရာမှတ်စုမှာ Emerging Towns & Cities Singapore(ETC)ရဲ့ စင်ကာပူစတော့အိတ်ချိန်းစာရင်းမှာပါရှိမှုကို အဓိကထားလေ့လာခဲ့ပြီး ETCဟာ မြန်မာစစ်တပ်နဲ့ Golden City Complex တည်ဆောက်ဖော်ဆောင်နေသူဖြစ်တယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

“ဒီဥပဒေရေးရာမှတ်စုက စင်ကာပူစတော့အိတ်ချိန်းနဲ့ စင်ကာပူအစိုးရတို့အတွက် အရေးတကြီး မေးခွန်းများ မေးမြန်းထားပါတယ်။ ဒီမှတ်စုက ထောက်ပြခဲ့သလို စင်ကာပူနိုင်ငံက မြန်မာနိုင်ငံမှာ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ ETC ကုမ္ပဏီဆိုတာ မြန်မာစစ်ကောင်စီနဲ့ ၎င်းတို့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ စီးပွားရေးဆက်နွယ်မှုရှိကြတဲ့ စင်ကာပူကုမ္ပဏီပေါင်း မြောက်များစွာထဲက တစ်ခုသာ ဖြစ်ပါတယ်”လို့ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

မြန်မာစစ်တပ်ကို ETC ရဲ့ ငွေကြေးပေးချေမှုတွေ ရပ်တန့်ပေးဖို့ စင်ကာပူစတော့ အိတ်ချိန်းနဲ့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့ကို မေတ္တာရပ်ခံ တောင်းဆိုကြောင်း Justice for Myanmarက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“စင်ကာပူ အစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေနဲ့ ငြှိစွန်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေ အခြေချလုပ်ကိုင်ဖို့ သူတိုရဲ့ နိုင်ငံ့ပိုင်နက်ကို အသုံးပြုနေတာကို မဖြစ်မနေ ရပ်တန့်ဖို့ လိုအပ်ပါတယ်” လို့ မရတနာမောင်က ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။