Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းမှ ရဲတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဆောမြို့နယ်၊ လောင်းရှည်မြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ/၂၅၈၃၈၇ ရဲတပ်သား ကိုကျော်သီဟသည် တာဝန်မှရပ်နားပြီး CDM ဝင်ရောက်လာသောကြောင့် YDFက အောက်တိုဘာလ ၂၁ ရက်နေ့တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး CDMပြုလုပ်၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသောကြောင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း Yaw Defence Force (Saw & Kyaukhtu)က ထုတ်ပြန်သည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ/၂၆၀၈၄၃ ရဲတပ်သား ကိုကောင်းထက်ကျော်သည် အောက်တိုဘာလ ၂၁ ရက်နေ့ ည ၉ နာရီအချိန်တွင် တာဝန်မှရပ်နားပြီး CDM ဝန်ထမ်းအဖြစ် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာသောကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်းYDF (ဆော& ကျောက်ထု)က အသိပေးသည်။

နောက်နောင်တွင် စစ်လက်နက်အပြည့်အစုံ (Full Equipment)နှင့်တကွ YDF (ဆော & ကျောက်ထု) အဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သောဆုကြေးငွေကို ပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေ(သို့) ပြည်ပနိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်းကြေညာထားသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဆောမြို့နယ်၊ လောင်းရှည်မြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ/၂၅၈၃၈၇ ရဲတပ်သား ကိုကျော်သီဟသည် တာဝန်မှရပ်နားပြီး CDM ဝင်ရောက်လာသောကြောင့် YDFက အောက်တိုဘာလ ၂၁ ရက်နေ့တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များလည်း ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM လှုပ်ရှားမှုတွင်ဆက်တိုက်ပါဝင်လာသည်။

စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ အကြမ်းဖက်စစ်ကောင်စီအား ပြန်လည်ခုခံတိုက်ခိုက်ရန်ကြေညာပြီးနောက် စက်တင်ဘာလမှ အောက်တိုဘာလ ၇ ရက်နေ့ အထိ ကာလအတွင်း တပ်မတော်သား ၄၂၉ ဦးနှင့် ရဲ ၃၃၄ ဦး တို့ CDMဝင်ရန်ဆက်သွယ်ခဲ့ကြကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook