Connect with us

Hi, what are you looking for?

News

ဗားကရာချောက် ယာဥ်ထိန်းရဲရုံး အပစ်ခံရ၊ အစောင့် စစ်သားတစ်ဦး သေဆုံး

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ဗားကရာချောက်လမ်းဆုံကို ပိတ်ဆို့၍ ဖြတ်သန်းသွား လာသည့် ကားများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဗားကရာချောက်အနီးရှိ ယာဉ်ထိန်းရဲရုံးကို အမည်မသိ လူနှစ်ဦးက ယနေ့(အောက်တိုဘာ၂၃)မွန်းလွဲပိုင်းတွင် လာရောက်ပစ်ခတ်ခဲ့ပြီး အစောင့်စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကြည့်မြင်တိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” နေ့လည် ၂ နာရီခွဲကျော်လောက်က ဗားကရာချောက်က မော်တော်ပီကယ်ရုံးကို လူနှစ်ဦး လာပစ်သွားတယ်လို့ သိရပါတယ်။ အစောင့်စစ်သားတစ်ယောက်တော့ သေ သွားတယ်။ ရုံထဲမှာ ရှိနေတဲ့ မော်တော်ပီကယ် တစ်ယောက်တော့ လွတ်သွားတယ်လို့ သိရပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ဗားကရာချောက်လမ်းဆုံကို ပိတ်ဆို့၍ ဖြတ်သန်းသွား လာသည့် ကားများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်